ပုဏ္ဏားကျွန်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ကူညီကယ်ဆယ်ရေးနှင့်စားသောက်ကုန်ပစ္စည်းများ တပ်မတော်ရေယာဉ်ဖြင့် ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ကူညီကယ်ဆယ်ရေးနှင့်စားသောက်ကုန်ပစ္စည်းများ တပ်မတော်ရေယာဉ်ဖြင့် ရောက်ရှိ







MNP ၊ မေ  ၂၉

ရခိုင်ပြည်နယ်အတွင်း အလွန့်အလွန်အားကောင်းသောမိုခါမုန်တိုင်းကြောင့် လေဘေးဒုက္ခ ခံစားနေရသည့် ဒေသများသို့ တပ်မတော်မှကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်စားသောက်ကုန် ပစ္စည်းများကို ကူညီထောက်ပံ့ပေးလျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့သို့ တပ်မတော်ကမ်းကပ်ရေယာဉ်ဖြင့် သယ်ပို့ရောက်ရှိလာရာ ဗိုလ်မှူးချုပ်ဝင်းမောင် ဦးဆောင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ဉက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ က သယ်ယူပို့ဆောင်ရေး တပ်မတော်ကမ်းကပ်ရေယာဉ်ပေါ်မှ ပစ္စည်းများတင်ချမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။


အဆိုပါတပ်မတော်ရေယာဉ်တွင် ပါရှိသော ကယ်ဆယ်ပစ္စည်းမျိုးစုံနှင့်စားသောက်ကုန်ပစ္စည်း များအား ယနေ့၊ နံနက်ပိုင်းတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့မှ မိုခါ မုန်တိုင်းဒဏ်သင့်  ရပ်ကွက်/ကျေးရွာအုပ်စုများသို့ စနစ်တကျဖြန့်ချီနိုင်ရေးအတွက် ဗိုလ်မှူးချုပ် ဝင်းမောင်က မြို့နယ်သဘာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉက္ကဋ္ဌ  ဦးမောင်းစံဝင်းအား လွှဲပြောင်း ပေးအပ်ခဲ့သည်။ 


     ထိုနောက် ဗိုလ်မှူးချုပ်ဝင်းမောင်က    ကယ်ဆယ်ရေးပစ္စည်းများနှင့်စားသောက်ကုန်ပစ္စည်း များအား  မိုခါမုန်တိုင်းဒဏ်သင့်ရပ်ကွက်/ကျေးရွာ အုပ်စုများသို့ ဆက်လက်  ဖြန့်ဝေပေးနေမှုတို့ကို   ကြည့်ရှုအားပေးခဲ့ပြီး    လိုအပ်သည့်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)