တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်းမှ ဒသမတန်း လူရည်ချွန်ကျောင်းသားကျောင်းသူများ အင်းလေးကန်သို့ လေ့လာရေးသွားရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်းမှ ဒသမတန်း လူရည်ချွန်ကျောင်းသားကျောင်းသူများ အင်းလေးကန်သို့ လေ့လာရေးသွားရောက်


MNP ၊ မေ ၁

တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်းမှ လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် အင်းလေးကန်သို့ လေ့လာရေးခရီး သွားရောက်ကြသည်။

ဦးစွာ ဟူပင်ဟိုတယ်ရှိ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းဟောင်းသို့ သွားရောက်ကြည့်ရှု လေ့လာကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ယခင် လူရည်ချွန်စခန်းကျင်းပခဲ့သည့် နေရာများ၊ အဆောက်အအုံများကို လိုက်လံရှင်းလင်းပြသသည်။

ဆက်လက်၍ လူရည်ချွန်မောင်မယ်များသည် ကြီးကြပ် ဆရာ ဆရာမများ၊ ဒေသခံ ဆရာ  ဆရာမများနှင့်အတူ  အဖွဲ့လိုက် စက်လှေများဖြင့် အင်းလေးဒေသရိုးရာ စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ဖြစ်သော ကေလာရေခြံသို့ သွားရောက်လေ့လာကြသည်။

ထို့နောက် အင်းလေးဒေသ၏ ဂုဏ်ယူဖွယ်ရာ ဟဲယာရွာမငွေထည် လုပ်ငန်းမှ စိန်သမာဓိ ငွေပန်းထိမ် လုပ်ငန်းသို့ သွားရောက်လေ့လာကြရာ စိန်သမာဓိ ငွေပန်းထိမ်လုပ်ငန်းရှင် ဦးစံလင်းက မြန်မာ့ရိုးရာ လက်မှုပညာဖြစ်သည့် ငွေပန်းထိမ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ပုံအဆင့်ဆင့်ကို ရှင်းလင်းပြသ၍ လူရည်ချွန်မောင်မယ်များကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ယင်းနောက် လူရည်ချွန်မောင်မယ်များသည် ငွေပန်းထိမ်ပစ္စည်းများ၊ တိုင်းရင်းသားရိုးရာ အဝတ်အထည်များကို လေ့လာကြည့်ရှုကာ ဝယ်ယူအားပေးကြသည်။

ထိုမှတစ်ဆင့် အခြေခံပညာအထက်တန်းကျောင်း (သာလေး) သို့ ရောက်ရှိပြီး ခေတ္တရပ်နားကာ နေ့လယ်စာသုံးဆောင်ကြပြီး လူရည်ချွန်မောင်မယ်များသည် ကမ္ဘာကျော်ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ဦးစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

ညနေပိုင်းတွင် တောင်ကြီးလူရည်ခွျှန်အပန်းဖြေစခန်းတည်ရှိရာ တောင်ကြီး အ.ထ.က (၁) ဒေါ်ခင်သိန်းခန်းမ၌ လူရည်ချွန်ကျောင်းသားကျောင်းသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး အမှတ် (၄) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်၊ စစ်သမီးများက အဆို၊ အက၊ ဟာသပြဇာတ်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)