ဒလမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ စာပေစကားဝိုင်းကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ စာပေစကားဝိုင်းကျင်းပပြုလုပ်


MNP ၊ မေ  ၂၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင်များမှ စာပေစကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သီတာဝင်းက စာပေစကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။  ထို့နောက် စာကြည့်တိုက်ဥက္ကဋ္ဌဦးသန်းဝင်းက မြန်မာရေးရာစာအုပ် အမှတ်(၂၁)တွင်ပါသည့် စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် စာပေစွမ်းအားခေါင်းစဥ်ဖြင့် လည်းကောင်း၊ စာပေ၀ါသနာရှင်ဦးတင်စိုးက မြန်မာရေးရာစာအုပ်အမှတ်(၂၂)တွင်ပါသည့် စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသား သည့် ဘဝတန်ဖိုးခေါင်းစဥ်ဖြင့် လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်လှလှရီက စာရေးဆရာမမုဒိတာ(တောင်သာ)ရေးသားသည့် ကျန်းမာသော ဘ၀၊ ကျန်းမာသော ကမ္ဘာစာအုပ်တွင် ပါဝင်သည့် အသက်ရှည်စွာ နေထိုင်ရေး  သွေးတိုးရောဂါ ကာကွယ်ပေးခေါင်းစဥ်ဖြင့် တက်ရောက်လာ သောစာပေဝါသနာရှင်များက သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ 


ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိ ပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မားစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online Page မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်များငှားရမ်းပေးခြင်း၊ (Talk Show)နှင့်စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းအပြင် သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကိုလည်း  ကျင်းပပြုလုပ်ပေးလျက်ရှိသည်။


မြင့်ဇော် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment