Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဗီနိုင်းများစိုက်ထူ





MNP ၊ မေ ၁

ရခိုင်ပြည်နယ် မောင်တောမြို့၌  မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို  ကြိုဆိုဂုဏ် ပြုသော အား ဖြင့်  မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက အသိပညာပေး ဗီနိုင်းများစိုက်ထူခြင်းကို ယနေ့  ညနေ ၄ နာရီအချိန်ခန့်က  မြို့နယ်မီးသတ်ဦးစီးဌာန ရုံးရှေ့ တွင် စိုက်ထူ ခဲ့ကြ သည်။ 


ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင် နှင့် မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင် တို့ ဦးစီး၍ ခရိုင်/မြို့နယ် မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များက  မီးဘေး အန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးဗီနိုင်း၊ပိုစတာ များ စိုက်ထူပြီး တာဝန်ရှိသူများက  အောင်သပြေခက် နှင့် ရေစင်များ ပတ် ဖျန်း ခဲ့ကြသည်။ မီးသတ်ဦးစီး ဌာနအနေဖြင့်  မြို့နယ်အတွင်း ဘုရား ၊စေတီ ၊ပုထိုးများ တွင်လည်း ပြည်သူ့အကျိုး ပြု လုပ်ငန်း များအား ဆက်လက် ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment