MNP ၊ မေ ၁
ရခိုင်ပြည်နယ် မောင်တောမြို့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော သက်တိုင်းရင်းသား တစ်မျိုးလုံး၏ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ထားသည့် သက်အမျိုးသားနေ့ကို ( ဒုတိယအကြိမ်အဖြစ် ယနေ့ နံနက် ၈ နာရီအချိန် ၄ မိုင်ရပ်ကွက် ၊ မကျည်းကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို သက်တိုင်းရင်းသား ရိုးရာ တေးသရုပ်ဖော်အကဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ရခိုင်ပြည် နယ် အစိုးရအဖွဲ့ကိုယ်စား တိုင်းရင်းသားရေးရာဝန်ကြီး၏ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က ဖတ်ကြားခဲ့ပြီး မေယုသင်္ဃာနာယကအဖွဲ့ကိုယ်စား သင်္ဃာတစ်ပါးက ဩဝါဒစကားမိန့်ကြားခဲ့သည်။ ထို့နောက် သက်စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးဘဦးက သက်အမျိုးသားနေ့ ရည်ရွယ်ချက် နှင့် သက်အမျိုးသား နေ့ဖြစ်ပေါ်လာပုံအား ပြောကြားပြီး သက်စာပေကဏ္ဍ၏ လှုပ်ရှားမှုအဆင့်ဆင့် ပကတိအခြေအနေကို စာပေ တာ ဝန်ခံ ဦးဦးကျော်လှက ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သက်အမျိုးသားနေ့ကျင်းပနိုင်ရေးအတွက် ရခိုင်ပြည်နယ် အစိုး ရ အဖွဲ့မှ ထောက်ပံ့ငွေ ကျပ်သိန်း၆၀အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မှ ထောက်ပံ့ပေးအပ်ပြီး အလှူရှင် အသီး သီး မှ လှူဒါန်းထောက်ပံ့ငွေများအား တာဝန်ရှိသူ များ ထံ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ရခိုင်ရိုးရာယဉ်ကျေးမှုယိမ်း ၊ ဒိုင်း နက်(သက္ကမ)ယဉ်ကျေးမှုအဖွဲ့ နှင့် သက်ရိုးရာယဉ်ကျေးမှုအဖွဲ့တို့က တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေခဲ့ကြပြီး သက် ရိုးရာ အသုံးအဆောင်ပစ္စည်းများအား ပြခန်းအတွင်းပြသထားရှိပြီး အခမ်းအနား တက်ရောက်လာသူ လှည့်လည် ကြည့်ရှု ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင် ၊ဆရာတော် ၊သံဃာ တော်များ ၊ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များ ၊ ပြည်သူများ အင်အား ၃၀၀ ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရ သည် ။
သက်လွင်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment