Pages

Pages

ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာန (ယာယီ)ပျိုးဥယာဉ်၌ပျိုးပင်(၄၀၀၀၀)ပျိုးထောင်ထား






MNP ၊ မေ  ၂၅

    မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ကျိုက်ထိုမြို့နယ်သစ်တော ဦးစီးဌာနမှ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် အဖြစ် မိုးရာသီတွင်လူထုဖြန့်ဝေရန် ပျိုးပင်ပေါင်း(၄၀၀၀၀)ကိုမြို့မ(ယာယီ)ပျိုးဥယာဉ်၌ပျိုးထောင်ထားကြောင်းသိရသည်။


   ယင်းသို့ပျိုးထောင်ထားခြင်းမှာသစ်တော ဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သည့်(လူသားအားလုံးကျန်းမာဖို့သစ်တောများကိုထိန်း သိမ်းစို့)ဆောင်ပုဒ်နှင့်အညီမိုးရာသီတွင် ရပ်ကွက်၊ကျေးရွာများရှိလူထုများစိုက်ပျိုးနိုင်ရန်ပျိုးထောင်ထားခြင်းဖြစ်သည်။ 


   အဆိုပါပျိုးပင်အရေအတွက်မှာ မန်ဂျန်  ရှား(၂၅၀၀၀)၊ကျွန်း(၈၀၀၀)၊မယ်ဇလီ (၁၀၀၀)၊စိန်ပန်း(၁၀၀၀)ပျဉ်းမ (၁၀၀၀) ခရေ(၁၀၀၀)၊ကံ့ကော်(၁၀၀၀)၊သင်္ကန်း (၁၀၀၀)၊မဟော်ဂနီ(၅၀၀)၊ဖန်ခါး(၅၀၀)စုစုပေါင်းအပင်ရေ(၄၀၀၀၀)ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှသိရသည်။


ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment