Pages

Pages

မင်းဘူး(စကု)မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မိုးချေးငွေ ကျပ် ၅၀၀၀၀ သိန်း ထုတ်ချေးရန်လျာထား




MNP ၊ မေ  ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးရာသီသီးနှံထုတ်လုပ်မှု ချေးငွေကျပ် ၅၀၀၀၀ သိန်း၊ ထုတ်ချေးရန် လျာထားလျက်ရှိကြောင်း မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။


ထိုသို့ ထုတ်ချေးရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကျေးရွာအုပ်စုပေါင်း ၆၈ အုပ်စုနှင့် တောင်သူပေါင်း ၆၅၀၀ ဦးအတွက် ကျပ် ၅၀၀၀၀ သိန်း၊ ထုတ်ချေးပေးသွားမှာဖြစ်ပြီး ယခုအချိန်တွင် ကျေးရွာအုပ်စု ၅ အုပ်စု၊ တောင်သူ ၁၅၄ ဦးအတွက် စပါးတစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် ကျပ် ၁၀၀၀၀၀ နှုန်းဖြင့် စပါး ၁၁၇ ဧကနှင့် အခြားသီးနှံ ၇၃၄ ဧကအတွက် ချေးငွေ ကျပ် ၉၀၉ ဒသမ ၅၀ သိန်း ထုတ်ချေးပြီးသွားပြီဖြစ်ကြောင်း မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးနေလင်းက ပြောပြသည်။      


ဇေယျာထက် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment