စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ သက်ဆိုင်ရာ တရားရုံးများမှ ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ သက်ဆိုင်ရာ တရားရုံးများမှ ပြစ်ဒဏ်အသီးသီးချမှတ်



MNP ၊ မေ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ၊ ရွှေဘို၊ ရေဦး၊ ကလေး၊ စစ်ကိုင်းမြို့နယ်များတွင် ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ သက်ဆိုင်ရာ တရားရုံးများမှ ၂၄-၅-၂၀၂၃ ရက်နေ့က ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။


ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အလှူငွေများကောက်ခံ၍ အကြမ်းဖက်အဖွဲ့အစည်းအစည်းများထံ သို့ ထောက်ပံ့ပေးမှုများ ပြုလုပ်ခဲ့သူ တရားခံ မအေးအေးမြင့်မော် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) အရ ထောင်ဒဏ်(၁၀)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


မုံရွာမြိုနယ်၊ ကံပြားကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများထံတွင် သင်တန်းများတက်ရောက်ခဲ့ခြင်း၊ အကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းကာ စာသင်းကျောင်းများတွင် လုံခြုံရေးအဖွဲ့များအားတိုက်ခိုက်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ မင်းသန့်နိုင်၊ တရားခံ အေးမိုးအောင်(ခ)ချက်စူ တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ ထောင်ဒဏ်(၄)နှစ်၊ ယင်းပုဒ်မ ၅၀(ဈ)အရ အလုပ်နှင့်ထောင်ဒဏ် (၁၂)နှစ်  (တစ်ပေါင်းတည်း)ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


မုံရွာမြို၊အင်းရွာသစ်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ကနီမြိုနယ် အကြမ်းဖက် စခန်းတွင် သင်တန်းတက်ရောက်ခဲ့ခြင်း၊ သတင်းပေးထောက်ပို ပြုလုပ် ခဲ့ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ စိုင်းရာဇာ(ခ)ငစိုင်း၊ တရားခံ နေကိုကို(ခ)ဖက်တီး တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ ထောင်ဒဏ်(၄)နှစ်၊ ယင်းပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်  (တစ်ပေါင်းတည်း)ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


မုံရွာမြို့နယ်၊ ကိုင်းတောကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သမားများနှင့် ဆယ်သွယ်၍ ၎င်းတိုနှင့်းပူးပေါင်းကာ ဒေသခံပြည်သူများအား ဒလန်ဟုစွပ်စွဲကာ တုတ်/ဓားများဖြင့် ဝိုင်းရိုက်နှက်ထိုးသတ်ခဲ့ခြင်း၊ ဘုန်းကြီးကျောင်းအနီး လက်လုပ်မိုင်း ဖော်ခွဲခဲ့ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ အောင်ဆန်းဦး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ ယင်းပုဒ်မ ၅၀(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၂)နှစ်  (တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


ကလေးမြို့နယ်၊ ပေါက်တော(အရှ့)ကျေးရွာတွင်နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ကာ တရားမဝင် အဖွဲ့အစည်းအစည်းဖြစ်သည့် NUG လက်အောက်ခံ ဖွင့်လှစ်ထားသော တရားမဝင်စာသင်ကျောင်း ၌ စာသင်ကြား ပေးခဲ့သော တရားခံ အောင်မျိုးသူအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ် (၅)နှစ်၊  ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


ရေဦးမြို့နယ်၊ မကျီးတောကျေးရွာတွင် နေထိုင်လျက်ရှိသော တရားခံ မင်းထွန်း(ခ)ဘီခေါ ၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်း လက်လုပ်မိုင်း(၁)လုံး နှင့် ဆက်စပ်ပစ္စည်းများထားရှိခဲ့သူ တရားခံ မင်းထွန်း(ခ)ဘီခေါအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(ခ)အရ ထောင်ဒဏ်(၆)နှစ်၊ ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


စစ်ကိုင်းမြို့နယ်၊ နန္ဒဝန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့များအား  Facebook အကောင့်များဖြင့် ပြောဆို၍ အကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်း၍ ဖောက်ခွဲခြင်းများ လုပ်ကိုင်ဆောင်ခဲ့သူ တရားခံ စည်သူစိုး(ခ)ကိုကိုကြီး၊ တရားခံ ကျော်ဇောအောင်(ခ) ဗိုလ်မိုးကြီုး တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ်(၆)နှစ်၊ ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


ခင်ဦးမြို့နယ်၊ ပင်တင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး မလယ်-ဇီးကုန်းသွား ကားလမ်း၊ ဆိုင်ကယ်ဖြင့် လာသော ပြည်သူ(၂)ဦးအား ဓားများဖြင့် ဝိုင်းခုတ်သတ်ခဲ့သော အဖွဲ့ထဲတွင် ပါဝင်ခဲ့သူ တရားခံ ရဲကိုထွေး(ခ)နောက်တိုးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/ ၅၄အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်သက် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး  အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUGနှင့် PDF များအတွက် အလှူငွေများ ကောက်ခံ၍ ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သူ တရားခံ အောင်ကျော်လင်း အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၁၀)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်းနှင့် ၎င်း၏ မြေကွက်နှင့် နေအိမ်အား အယူခံ/ပြင်ဆင် ရက်ကျော်ပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


ရေးဦးမြို့၊ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး  CDM ပြုလုပ်ထားသော ဝန်ထမ်းများအား ထောက်ပံ့နိုင်ရေး အကြမ်းဖက်အဖွဲ့များပြုလုပ်သော အစည်းအဝေးတွင် တက်ရောက်ခြင်း၊ CDM ပြုလုပ်ထားသူများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့သူ တရားခံ ကောင်းမြတ်သူ(ခ)ကိုလုံး၊ တရားခံ မြင့်စိုး တို့အားအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀၅(က)အရ အလုပ်နှင့် ထောင်ဒဏ်(၁)နှစ်၊ (၅)လ ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


ရေးဦးမြို့နယ်၊ မကျီးတောကျေးရွာတွင် နေထိုင်လျက်ရှိပြီး အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန်နှင့် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲဝင်များ လုပ်ငန်းကြန့်ကြာ အနှောက်အယှက်ဖြစ်စေရန် လူမှုကွန်ယက်စာမျက်နှာပေါ်တွင်  ရေးသားဖော်ပြခြင်းများ ပြုလုပ်ခဲ့သူ တရားခံ ဒေါ်ခင်မာစီ(ခ)မာစီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀၅(က)အရ အလုပ်နှင့် ထောင်ဒဏ်(၃)နှစ်၊ ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)