တပ်မတော်ကမ်းထိုးရေယာဉ်ဖြင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများ အသုံးပြုရန်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေါက်တောမြို့သို့ ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်ကမ်းထိုးရေယာဉ်ဖြင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများ အသုံးပြုရန်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေါက်တောမြို့သို့ ရောက်ရှိ







MNP ၊ မေ  ၂၆

မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည့် ရခိုင်ပြည်နယ် ပေါက်တောမြို့သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်ကမ်းထိုးရေယာဉ် အမှတ် ၁၇၁၈  ဖြင့် ယနေ့ နေ့လယ်ပိုင်းတွင် ပေါက်တောမြို့သို့ရောက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။


ထို့နောက် တပ်မတော်ကမ်းထိုးရေယာဉ်တွင် တင်ဆောင်လာသည့် ကူညီကယ် ဆယ်ရေးပစ္စည်းများကို ဗိုလ်ကြီး ဟိန်လတ် က ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး လက်ခံခဲ့ကြောင်း သိရသည်။


အဆိုပါ တပ်မတော်ကမ်းထိုးရေယာဉ်တွင် တင်ဆောင်လာသည့် ကူညီကယ် ဆယ်ရေးပစ္စည်းများတွင် သွပ် ၃၀၀ ချပ် ၊ တာပေါ်လင်အမိုးအလိပ် ၅၀ လိပ်၊ တာပေါ်လင်အမိုးအထုတ် ၅၂ ထုတ်၊ သွပ်သံ၊အိမ်ရိုက်သံ ၂၁၆ ဖာ၊သွားတိုက်တံ ၃၄၅၀ ချောင်း ၊သွားတိုက်ဆေး ၉၀၀၀ ဗူး ၊ ရေသန့်ဗူးခွံ ၅၀ ဗူး၊ကြက်ဥ ၆၀၀၀ လုံး ၊မိုးကာတဲ(စိမ်း) ၁၆ခု ၊ ခေါက်ဆွဲခြောက် ၁၈၄ ဖာ ၊ အိမ်သာခွက်/ပိုက် ၄၅၀ စုံ၊ဓာတ်ဆား  ၅၀၀၀ နှင့် အိမ်ဆောင်ပစ္စည်းအစုံပါကစ် ၃၀ တို့ကို ကူညီထောက်ပံ့ခဲ့ကြောင်းသိရသည်။


 ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)