MNP ၊ မေ ၂၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျောင်းသား/သူလေးများ အနေဖြင့် ဗဟုသုများပိုမိုရရှိစေရန်၊ ဉာဏ်ရည်များ ပိုမိုထက်မြက်လာစေရန်နှင့် စာဖတ်စွမ်းရည်များ တိုးတက်လာစေရန် ကျောင်းပိတ်ရက်များတွင် စာကြည့်တိုက်သို့ လာရောက်၍ သုတ/ရသ စာအုပ်များကို ငှားရမ်းဖတ်ရှုသင့်ကြောင်းကိုလည်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပခဲ့ရာ ပုံပြင်ပြောပြိုင်ပွဲတွင် “မျက်မမြင်ကလေးလိုစွန်” ပုံပြင်ဖြင့် မမိုးမြင့်ဟေမာန်ခင်မှ (ပထမဆု)ကိုလည်းကောင်း၊ “မြေပုံလေးနှင့်သက်ရွက်လေး” ပုံပြင်ဖြင့် မဆုပြည့်သော်တာလင်းမှ (ဒုတိယဆု)ကိုလည်းကောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် “တိုင်းရင်းသား” ကဗျာဖြင့် မဇွန်းမင်းအေးမှ(ပထမဆု)ကို လည်းကောင်း၊ “ဝိသာခလေး” ကဗျာဖြင့် မဟေမာန်သင်းမှ (ဒုတိယဆု)ကိုလည်းကောင်း၊ မုန့်ကိုက်ပြိုင်ပွဲတွင် မဟေမာန်အောင်အောင်နှင့် မအိမ့်ရတီမွန်တို့ အတွဲမှ(ပထမဆု)ကိုလည်းကောင်း၊ မချစ်ဝိုင်းစိန်နှင့် မရတီအိမ့်ဟန်တို့အတွဲမှ (ဒုတိယဆု)ကို လည်းကောင်း၊ အုန်းသီးရိုက်ပြိုင်ပွဲတွင် မဆုပြည့်သော်တာလင်းမှ (ပထမဆု)ကိုလည်းကောင်း၊ မပီတိချိုမှ ဒုတိယဆုကိုလည်းကောင်း၊ ဘောလုံးလက်ဆင့်ကမ်းပြိုင်ပွဲတွင် မရတီအိမ့်ဟန် ဦးဆောင်သောအဖွဲ့မှ (ပထမဆု)ကိုလည်းကောင်း၊ ပူစီပေါင်းဖောက်ပြိုင်ပွဲတွင် မပီတိချိုနှင့် မချစ်ဝိုင်းစိန်တို့အတွဲမှ (ပထမဆု)ကိုလည်းကောင်း၊ မဟေမာန်သင်းနှင့် မအိမ့်မြတ်ရတီမွန်တို့အတွဲမှ (ဒုတိယဆု)ကိုလည်းကောင်း အသီးသီးရရှိ ခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးမှ ဆုရရှိခဲ့ကြသော ကျောင်းသား/သူများအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment