တပ်ကုန်းမြို့နွားပွဲဈေး၌ မှတ်ပုံတင်ရောင်းချသည့် တိရစ္ဆာန်အကောင်ရေ ၂၄၇ ကောင် အရောင်းအဝယ်ဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့နွားပွဲဈေး၌ မှတ်ပုံတင်ရောင်းချသည့် တိရစ္ဆာန်အကောင်ရေ ၂၄၇ ကောင် အရောင်းအဝယ်ဖြစ်


MNP ၊ မေ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာအနီး၊ ၅ ရက်လျှင် တစ်ကြိမ် ပြုလုပ်သည့် တပ်ကုန်းနွားပွဲဈေးတွင် မှတ်ပုံ တင်ရောင်းချသည့် တိရစ္ဆာန်အကောင်ရေ  နွား ၁၇၇ ကောင်၊ ကျွဲ ၁၅ ကောင်၊ ဝက် ၂၈၁ ကောင် ရှိသည့်အနက်မှ  ဧပြီ ၃၀ ရက် နံနက်ပိုင်းက ကျင်းပသည့်နွားပွဲဈေးတွင်  နွား ၈၆ ကောင်၊ ကျွဲ ၈ ကောင်၊ ဝက် ၁၅၃ ကောင်တို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။


ခိုင်းနွား တစ်ကောင်လျှင် ငွေကျပ် ၆ သိန်း မှ ၇ သိန်း၊ ခိုင်းကျွဲတစ်ကောင်လျှင်  ငွေကျပ် ၄သိန်းမှ ၆သိန်းခွဲ၊ အသားနွားတစ်ကောင်လျှင် ငွေကျပ် ၃ သိန်းခွဲ မှ ၅ သိန်းခွဲ ထိလည်းကောင်း၊ မွေးဝက် တစ်ကောင်လျှင် ငါးသောင်းကျပ်မှ ခုနှစ်သောင်းကျပ်ထိလည်းကောင်း၊ ဈေးနှုန်းများ အသီးသီးဖြစ်ပေါ်ခဲ့ကြောင်း သိရပြီး၊ ကျွဲ/နွားများတွင် လူကြိုက်များသည့် ရုပ်နှင့်အရည်အသွေးများ ပေါ်မူတည်၍ ဈေးနှုန်းကြီးမြှင့်လျက်ရှိကြောင်း သိရသည်။


တပ်ကုန်းမြို့နယ်တွင် လိုင်စင်စီများမှ ဝယ်ယူမှုအနေဖြင့်  မြဝတီရပ်ကွက်၊ ဦးထွန်းကျော်က အသားနွား ၁၂ ကောင်၊ ရွာသစ်ကျေးရွာ၊ ဦးဘိုဌေးက အသားနွား ၆ ကောင်၊ ညောင်လွန့်ကျေးရွာ၊ ဦးထွန်းထွန်းက အသားနွား ၆ ကောင် အသီးသီးဝယ်ယူခဲ့ကြောင်း သိရသည်။


တင်စိုးလွင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)