မိုးစပါးစိုက်ဧကများ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပွဲ (ကွင်းသရုပ်ပြပွဲ) အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးစပါးစိုက်ဧကများ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပွဲ (ကွင်းသရုပ်ပြပွဲ) အခမ်းအနား ကျင်းပ





MNP ၊ မေ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် တာခွတဲကြီးကုန်း ကျေးရွာအုပ်စု တောင်သူ ဦးသန်းထွဋ်၏ လယ်မြေ ကွင်းအမှတ် (၂၅၀) ဦးပိုင် အမှတ် (၁၄၄/၁)တွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပွဲ (ကွင်းသရုပ်ပြပွဲ)အခမ်းအနားကို ယနေ့နံနက် (၈ )နာရီက ကျင်းပသည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင် ၊ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်တာဝန်ခံ(ယာယီ)ဦးစိုးမြင့်အောင်နှင့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ တက်ရောက်၍ တောင်သူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ဧက(၅၀)အတွက် တစ်ဧကလျှင် (၄)ပြည်နှုန်း ပေးအပ်ခဲ့ပြီး ကြဲပက်ပွဲ (ကွင်းသရုပ်ပြ)ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းအားဖြင့် လယ်ယာမြေ အကျိုးပြု ဇီဝပိုးများ အသက်ရှင်တိုးပွားစေနိုင်ကြောင်း ၊  ပိုက်ဆံလျှော် တစ်ဧကလျှင် သစ်စိမ်းမြေသြဇာ (၅) တန်မှ (၇)တန်အထိ ရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ (၂)အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်များ ရရှိ၍ဓာတ်မြေသြဇာ သုံးစွဲမှု လျှော့ချ၍ မြေဆီလွှာအတွင်းရှိ ဓာတုအဆိပ်သင့်မှုများလျော့ နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကို ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း  မြန်အောင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်တာဝန်ခံ(ယာယီ)ဦးစိုးမြင့်အောင်က တောင်သူများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။


  ဝင်းဗိုလ် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)