MNP ၊ မေ ၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာ ဦးစီးမှူးများ၊ တာဝန်ခံအရာရှိများနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ယခုကာလ၌ ပြည်တွင်းသို့ ကူးစက်ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း Arcturus ရောဂါပိုး ကူးစက်နေမှုအခြေအနေကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါ်သန်းသန်းချစ်က ကြိုတင်ပြင်ဆင် နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အသေးစိတ်တင်ပြဆွေးနွေးရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ဌာနဆိုင်ရာ အကြီးအကဲများက ပူးပေါင်း ဆောင်ရွက်ပေးမည့် ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးတင်ပြကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကြိုတင်ပြင်ဆင်မှုအနေဖြင့် စင်တာနေရာများ လျာထားသတ်မှတ်ရေး၊ စေတနာ့ဝန်ထမ်း ပြည်သူများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရေးတို့ကို စီစဉ်ချမှတ် ကြိုတင်ပြင်ဆင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သူရကြီး
https://t.me/MyanmarNationalPost


No comments:
Post a Comment