MNP ၊ မေ ၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ ကျောက်မဲမြို့၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေးအတတ်ပညာနှင့် မွေးမြူရေးအတတ်ပညာများကို အထက်တန်း ပညာနှင့် တွဲဖက်၍ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို တွဲဖက်သင်ကြားမည့် အထက်တန်းကျောင်းပေါင်း ၅၁ ကျောင်းဖွင့်လှစ်မည်ဖြစ်ပြီး ကျောက်မဲခရိုင် အတွင်း၌ ကျောက်မဲမြို့ ၊ အထက (၃) ကျောင်းတွင်သာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် အဆိုပါ အခြေခံပညာ အထက်တန်းကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသားကျောင်းသူများသည် အထက်တန်းဆင့် သင်ယူနေစဉ်ကာလ၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို သင်ယူတတ်မြောက်နိုင်ကြောင်း သိရသည်။
အဆိုပါ ကျောက်မဲမြို့၊ အထက(၃)ကျောင်းသို့ တက်ရောက်လိုပါက ကျောက်မဲခရိုင်အတွင်းရှိ အလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပြီးသည့် မည်သူမဆို ဇွန်လ ၁ ရက်နေ့အထိ ကျောက်မဲမြို့နယ် ပညာရေးမှူးရုံးတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။
အခြေခံပညာ အလယ်တန်းဆင့်(Grade 9) ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်သင်ယူမည့် ကျောင်းသားကျောင်းသူများသည် (၁) အခြေခံပညာအထက်တန်းဆင့်၊ (၂) စက်မှုနည်းပညာ၊ (၃) စိုက်ပျိုးရေးအတတ်ပညာ၊ (၄) မွေးမြူရေးအတတ်ပညာဟူ၍ ပညာရေးလမ်းသွယ် လေးမျိုး ရွေးချယ်သင်ယူနိုင်ကြောင်း သိရပြီး ဘာသာရပ်အလိုက် သင်ကြားပေးမည့် အချက်အလက် အသေးစိတ်ကို မြို့နယ်ပညာရေးမှူးရုံးနှင့်ကျောင်းများတွင် ကြော်ငြာထားကြောင်း သိရသည်။
မိုင်းထွန်း
https://t.me/MyanmarNationalPost



No comments:
Post a Comment