မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ် လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ် လှူဒါန်း




MNP ၊ မေ ၂၂

မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အလှူရှင်များက အလှူငွေ ကျပ်သိန်းပေါင်း ၃၄၀၇၈၁၆၀၀ ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်၊  တိုင်းမှူးနှင့် တာဝန်ရှိသူတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့သည်။


အလားတူ ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် ငါးပိ ၁၀၀၀ ပိဿာ၊ ငါးနီတူခြောက် ၁၀၀၀ ပိဿာ၊ အိုင်အိုးအင်းဆား ၁၀၀၀ ပိဿာ၊ ခေါက်ဆွဲခြောက် ၅၀၀ ဖာ၊ ကြက်ဥ/ ဘဲဥ ၁၀၀၀၀၀ လုံးနှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ လှူဒါန်းသည့် ကြက်ဥ ၁၃၀၀၀ လုံး၊ ဘဲဥ ၁၀၀၀၀ လုံး၊ ငါးနီတူခြောက် ၂၀၀ ပိဿာတို့ကို စုဖွဲ့ပြင်ဆင် ထားရှိမှု အခြေအနေများအား  ယနေ့နေ့ လယ်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု ၍ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါ ရခိုင်ပြည်နယ်အတွင်းရှိ မုန်းတိုင်းဒဏ်သင့် ပြည်သူများအတွက် လှူဒါန်းသည့်ပစ္စည်းများအား တိုင်းစစ်ဌာနချုပ် မှ မော်တော်ယာဉ်များဖြင့် သယ်ဆောင်၍ ပုသိမ်မြို့မှ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်သို့ ပို့ဆောင်ကာ ၎င်းမှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်းတိုင်းဒဏ်သင့် ပြည်သူများသို့ ဆက်လက် ပေးပို့လှူဒါန်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)