ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမ်းမြို့ နယ်အတွင်း မုန်တိုင်းအန္တ ရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာ အုပ်စု(၅)အုပ်စုရှိ အိမ်ထောင်စုများအား စားနပ် ရိက္ခာပစ္စည်းများထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမ်းမြို့ နယ်အတွင်း မုန်တိုင်းအန္တ ရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာ အုပ်စု(၅)အုပ်စုရှိ အိမ်ထောင်စုများအား စားနပ် ရိက္ခာပစ္စည်းများထောက်ပံ့






MNP ၊ မေ  ၂၀

 ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမ်း မြို့ နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ အန္တရာ ယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေဘေးသင့်ကျေးရွာအုပ်စု (၅) အုပ်စုရှိ အိမ် ထောင် စုများအား စားနပ် ရိက္ခာပစ္စည်းများထောက်ပံ့ပေးခြင်းကို ခရိုင်သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မ တီမှ ဦးဆောင်မှုဖြင့် ယနေ့ညနေ ၄ နာရီအချိန်က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများသို့သွားရောက်၍ ပြည်သူ များအားထောက်ပံပေးအပ်ခဲ့သည်။


   အမ်းမြို့နယ်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းအန္တ ရာယ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အမ်းမြို့ နယ်အတွင်းမှ အောက်ရွာကျေးရွာအုပ် စု၊ ဂါယ်လေင်းကျေးရွာအုပ်စု၊ အမ်းမြောက်ကျေးရွာအုပ်စု၊ လုံးကောက်ကျေး ရွာအုပ်စုနှင့် အမ်းတောင်ကျေးရွာ အုပ်စု စသည့် ကျေးရွာအုပ်စု(၅)အုပ်စုတို့မှ လေဘေးသင့်အိမ်ထောင်စု(၃၃)စု၊ လူဦးရေ(၁၅၄) ဦးအတွက်ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့်ဆန်ရိက္ခာ လူတစ်ဦးတစ်ရက်လျှင်(၂)ဗူးနှုန်းဖြင့် (၅)ရက်စာအ တွက် လည်း ကောင်း၊ ဆီ လူတစ်ဦးတစ်ရက်လျှင်(၁)ကျပ်သားနှုန်းဖြင့် (၅)ရက်စာအတွက် လည်း ကောင်း၊ ငပိအိမ် ထောင်စုတစ်စုလျှင် (၁၅)ကျပ်သားနှုန်းဖြင့် ထောက်ပံ့ရိက္ခာများအား ခရိုင်သ ဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ ခေတ်တဥက်ကဌ ဒုတိယဗိုလ်မှူးကြီးမောင်မောင်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော် မတီ၊ မြိုနယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များက လေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးသည့် ပြည်သူ များအား ဆန်၊ဆီ၊ဆား၊ငပိ ရိက္ခာပစ္စည်းများအားထောက်ပံပေး အပ်ခဲ့ကြောင်း သိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)