သထုံမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ







MNP ၊ မေ  ၂၀

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်က လိပ်အင်းရပ်ကွက်ရှိ အမက(စိန်ကုန်း)ကျောင်းဝင်းအတွင်း၌ မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပ ပြုလုပ်သည်။


စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို၊ သထုံတပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင်ဟိန်း၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးစိုးမင်းအောင်တို့က စိုက်ပျိုးမည့်အပင်များအားပေးအပ်ရာ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပြည်သူများတို့က လက်ခံရယူပြီး သတ်မှတ်နေရာအသီးတို့၌ ငုရွှေဝါ၊ စိန်ပန်း၊ မဟော်ဂနီ၊ သင်္ကန်းနှင့် မန်ဂျန်ရှား ပျိုးပင်ပေါင်း ၄၀၀ ကျော်တို့ကို စနစ်တကျ စုပေါင်း စိုက်ပျိုးပေးခဲ့ကြသည်။


သထုံမြို့နယ်တွင် မိုးရာသီကာလ ရပ်ကွက်/ကျေးရွာအသီးသီးတို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် စိုက်ပျိုးနိုင်ရန် သစ်တောဦးစီးဌာန မြေနီကုန်းပျိုးဥယျာဉ်တွင် ကျွန်း၊ ပျဉ်းကတိုး၊ သင်္ကန်း၊ မန်ဂျန်ရှား၊ မဟော်ဂနီ၊ ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ငုရွှေ‌ဝါ ပျိုးပင်အမျိုးအစား ၁၁ မျိုးခန့်အား အပင်ပေါင်း ၄၀၀၀၀ ကျော် ပျိုးထောင်ထားရှိပြီး မိုးရာသီကာလအတွင်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းများ ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားကာ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများအနေဖြင့် စုပေါင်းစိုက်ပျိုးလိုပါက ဆက်သွယ်မှာယူနိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


နဒီ

 https://t.me/MyanmarNationalPost


















No comments:

Post a Comment