Pages

Pages

ပေါက်တောမြို့နယ်၌ ကျောင်းဖွင့်ရာသီနီးလာပြီးဖြစ်၍ ကျောင်းဖွင့်ရက်မတိုင်မီ ပျက်စီးသွားသည့်ကျောင်းများအား အမြန်ဆုံးပြုပြင်ပြီးစီးနိုင်ရန် ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လျက်ရှိ





MNP ၊ မေ  ၂၆

အလွန့်အလွန်အားကောင်းသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မေ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် နေရာများသို့ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လျက်ရှိကြသည်။


ယနေ့ နံနက်ပိုင်းက ပေါက်တောမြို့တွင် အမှတ်(၃)ရပ်ကွက်၊ပန်းသီးစုရပ်ရှိ အမကကျောင်းတွင် မုန်တိုင်း ဒဏ်ကြောင့် လဲပြိုကျနေသော သစ်ပင်များအားပိုင်းဖြတ် ဆောင်ရွက်ခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးတိုင်းများ နှင့် မီးကြိုးများအားပြန်လည်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment