Pages

Pages

အမ်းမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ အုပ်စုများရှိ ယာယီခိုလှုံနေရာများတွင် ခိုလှုံသည့် လေဘေးရှောင်ပြည်သူများအားကျွေးမွေးစရိတ်ထောက်ပံ့ပေးအပ်






MNP ၊ မေ  ၂၆

 ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ရပ် ကွက်ကျေးရွာအုပ်စုများအတွင်းရှိ ယာယီခိုလှုံရာနေရာများတွင် ခိုလှုံ​ေနသည့် လေဘေးရှောင်ပြည်သူများအတွက် ကျွေးမွေးစရိတ်ထောက်ပံ့ပေး အပ်ခြင်းကို ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီမှ  ယနေ့ နေလည် အ ချိန်က မြို့ နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ထောက် ပံ့ပေး အပ်ခဲ့သည်။


 ရှေ့ဦးစွာ ခရိုင်သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော် မတီ ခေတ္တဥက္ကဌ ဒုတိယဗိုလ်မှူး ကြီး မောင်မောင်ခိုင်က ရခိုင်ပြည် နယ်အစိုးရအဖွဲ့မှအမ်း မြို့နယ်အ တွင်းရှိ ရပ်ကွက်ကျေးရွာအုပ် စု (၉)အုပ်စုရှိ ယာယီခိုလှုံနေရာများတွင် ခိုလှုံသည့် လေဘေးရှောင်ပြည်သူများအတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား စိုက်ထုတ်ဝယ်ယူထားမှု ကျွေး မွေးစရိတ်  တန်ဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ် သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။


       ဆက်လက်၍ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ ခေတ္တဥက္ကဌ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ခိုင်၊အမ်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးစိုးမင်းထက် တို့က ရပ်ကွက်ကျေးရွာအုပ်စု (၉)အုပ်စုမှ အခြေခံစားသောက် ကုန် ဆန်၊ ဆီ၊ ဆား စိုက်ထုတ်ဝယ်ယူထားမှု ကျွေးမွေးစရိတ် အတွက် တန်ဖိုးငွေကျပ်(၂၉၀၂၅၀၀)ကျပ် ကိုရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအားထောက်ပံ့ ပေးအပ်ခဲ့သည်။


 ထောက်ပံ့ပေးအပ်ပွဲသို့  ခရိုင်သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ ခေတ္တဥက္ကဌ ဒုတိယဗိုလ်မှူး ကြီးမောင်မောင်ခိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ၊မြို့နယ်သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment