ဗိုလ်ချုပ်စိုးနိုင်ဦး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သံတွဲမြို့နယ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်ချုပ်စိုးနိုင်ဦး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သံတွဲမြို့နယ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်






MNP ၊ မေ  ၂၉

ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်၌၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်း အနားကို ယနေ့နံနက် ၉ နာရီက သံတွဲမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ရာ လေဘေးသင့်ကျေးရွာများအားပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန် ရောက်ရှိ နေသော ဗိုလ်ချုပ်စိုးနိုင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများ တက်ရောက် ချီးမြှင့်ခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားကို အမက(နံတော်ပြင်)မှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်း သီချင်းဖြင့်သီဆို၍ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့     ဥက္ကဌ က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူး ဒေါ်ဝိုင်းစိန်က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့က   ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ပေးခဲ့ကြသည်။ အလားတူ သံတွဲမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ နှင့်တာဝန်ရှိသူများက ကျောင်းသုံးစာအုပ်နှင့်ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။ 


၎င်းနောက် မြို့နယ်ပညာရေးမှူး ဦးဇော်ထွန်းအောင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပြီး အမကမူလွန်(ဒွါရာဝတီ)မှ ကျောင်းသား၊ကျောင်းသူလေးများက “ရခိုင့်ဘဝတေးသံ” သီချင်းကို သီဆို၍ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းသိရသည်။


သံတွဲခရိုင်အတွင်းအထက(၂၀)ကျောင်း၊ အထက(ခွဲ)(၁၀)ကျောင်း၊ အလက(၁၆)ကျောင်း၊ အလက(ခွဲ)(၂၄)ကျောင်း ၊ မူလွန်(၄၀)၊ အမက(၂၁၆)၊ အမက(ခွဲ)(၁၃)ကျောင်း၊ ဘက(၂)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်းရှိရာ စုစုပေါင်း(၃၄၂)ကျောင်းရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက် ကျောင်းသား၊ ကျောင်းသူများကို မေ(၂၃)ရက်နေ့မှစတင်လက်ခံလျက်ရှိရာ မေ ၂၈ ရက်နေ့အထိ အထက်တန်းအဆင့်  ၃၉၄၁ ဦး ၊ အလယ်တန်းအဆင့် ၅၈၉၆ ဦး ၊ မူလတန်းအဆင့် ၁၇၆၁၉ ဦး စုစုပေါင်း ၂၇၄၅၆ ဦးကိုလက်ခံဆောင်ရွက်ထားရှိခဲ့ပြီးဖြစ်သည်။ ထို့အပြင် ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သံတွဲမြို့၌ စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းကို သံတွဲမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်မည် ဖြစ်ရာ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် Grade -9 အောင်မြင်ပြီးသူများကို မေလ ၁၉ ရက်နေ့အထိလက်ခံခဲ့ရာ စက်မှု (၅၉)ဦး ၊ စိုက်ပျိုး(၆)ဦးနှင့် မွေးမြူ(၃)ဦး စုစုပေါင်း ၆၈ ဦးကိုလက်ခံ ထားရှိပြီး ယခုအခါ ဆက်လက်၍ ကျောင်းအပ်လက်ခံလျက်ရှိပါ‌ကြောင်း ခရိုင်ပညာရေးမှူးထံမှသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)