စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကျင်းပ


MNP ၊ မေ  ၁၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)ကို ယနေ့ နေ့လယ်(၁)နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစောနိုင်က “မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကလေးအလုပ်သမားများမှာ များစွာရှိသော်လည်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများကို ထိရောက်သော ပြန်လည်ကုစားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခဲ့သော ပိုင်ရှင်နှင့်အမြတ်ထုတ်သူများအပေါ် ထိရောက်သောအရေးယူမှုများ ဆောင်ရွက်နိုင်ရန်အတွက် စီမံချက်များရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီဝင်များအနေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများကို ဖော်ထုတ်ရန်၊ အဆိုပါကလေးများအတွက် ထိရောက်သောကုစားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုဆောင်ရွက်ရန်၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခဲ့သောသူများကို ထိ‌ရောက်သော အရေးယူမှုများ ဆောင်ရွက်နိုင်ရန်အတွက် ညွှန်းပို့ရန်၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးသူငယ်များအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် ဆက်စပ်လျက်ရှိသော ဥပဒေစည်းမျဥ်း၊ စည်းကမ်း၊ လုပ်ထုံး၊ လုပ်နည်းများကို လုပ်ငန်းကော်မတီဝင်များက အသိပညာပေးသွားကြစေလိုကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရလည်း အဆိုးဝါးဆုံး ပုံစံဖြင့်ခိုင်းစေလျှင်ပြစ်မှုနှင့် ပြစ်ဒဏ်ရှိကြောင်းဥပဒေမှာ ဖော်ပြထားပြီးဖြစ်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများကို ထောင်ဒဏ်(သို့မဟုတ်)ငွေဒဏ်ချမှတ်၍ ပြစ်ဒဏ်ချမှတ်နိုင်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမားလျှော့ချရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ အသိပညာပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များကို ဆောင်ရွက်ရာတွင် ကော်မတီဝင် ဌာနဆိုင်ရာများမှ အားလုံးလက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ထပ်မံဆောင်ရွက်မည့် လုပ်ငန်းများအတွက် အကြံပြုဆွေးနွေးပါကြရန်   ”  တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။


ဆက်လက် စစ်ကိုင်းတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးကော်မတီ၏ သက်ဆိုင်ရာလုပ်ငန်းများအလိုက် ပူးပေါင်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသော တိုင်းဒေသကြီးအဆင့် လုပ်ငန်းကော်မတီ အဖွဲ့များက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် အကြံပြုဆွေးနွေးတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးတင်ပြမှုများအပေါ်   တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)