ကျိုက်ထို မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင်ကျောင်းအပ်နှံရေး သီတင်းပတ်ပထမနေ့အဖြစ် စတင်ကျောင်းအပ်လက်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထို မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင်ကျောင်းအပ်နှံရေး သီတင်းပတ်ပထမနေ့အဖြစ် စတင်ကျောင်းအပ်လက်ခံ






MNP ၊ မေ  ၂၃

      မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ အခြေခံ ပညာကျောင်းများတွင် ”ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်အတိုင်း ယနေ့နံနက်၉နာရီအချိန်မှစတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ် စတင်  လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။


 အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ အတန်းလိုက် ဆရာ၊ ဆရာမများက စနစ်တကျ ကျောင်းအပ်လက်ခံပေးကြကြောင်းနှင့် KG တန်းမှ Grade-5အထိ ကျောင်းသား ကျောင်းသူများကို  ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ကျောင်းဝတ်စုံ၊ ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များ ထောက်ပံ့ပေးပြီးGrade 6နှင့် Grade12ထိ  ကျောင်းသား ကျောင်းသူများ အား ပြဌာန်း စာအုပ်၊ဗလာစာအုပ်၊‌ခဲတံ၊ဘောပင်တို့ကိုထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment