အမ်းမြို့၌ အသျှိုချင်းတိုင်းရင်းသားများဝါးဖြင့်အသုံးအဆောင်ပစ္စည်းများရက်လုပ်ရောင်းချသူများ အဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌ အသျှိုချင်းတိုင်းရင်းသားများဝါးဖြင့်အသုံးအဆောင်ပစ္စည်းများရက်လုပ်ရောင်းချသူများ အဆင်ပြေ





MNP ၊ မေ  ၂၁

      ရခိုင်ပြည်နယ်၊အမ်းခရိုင်၊အမ်းမြို့ နယ်အမှတ်( ၃)စျေးရပ်ကွက်အောက် ကျင်း၌ တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်နေကြသောအသျှို ချင်းတိုင်းရင်းသူတိုင်းရင်းသားများရိုး ရာ နှီးဝါးဖြင့်အသုံးအ ဆောင်ပစ္စည်းများတစ်ပိုင်တစ်နိုင်ရက် လုပ်ရောင်းချ နေသူများနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့်အဖွဲ့ယမန်နေ့ ည​ေနအချိန်က သွားရောက်တွေ့ဆုံ လေ့လာကာအား ပေးစကားများပြောကြားခဲ့ပြီးမေးမြန်းချက်များအရလုပ်ငန်းများအဆင်ပြေကာအဝယ်လိုက်လျက်ရှိကြောင်း သိရသည်။

    အမ်းမြို့နယ် အတွင်းဒေသထွက်ဝါးနှီးတို့ဖြင့်ဝါးထရံ (ဇလီ)၊နှီးခေါက်ဖျာ၊စပါလှမ်းနှီးဖျာ၊ဝါးခမောက်၊စကော၊ပလုံး ၊တောင်း၊အမိုးသက်ကယ် နှင့်အ ခြားထည့်စရာ အသုံးအဆောင်ပစ္စည်းများရက် လုပ်ရောင်းချ ပြီးဝင်ငွေရရှိနေသူအသျှိုချင်းတိုင်းရင်းသူ တိုင်းရင်း သား များနှင့်တွေ့ဆုံကာ မြို့နယ် မိ ခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဌဒေါ်ဇူလိုင်ထွေး ဦးဆောင်သောအဖွဲ့ဝင်များကျေးလက် နေပြည်သူများ ၏ အ သေးစား၊အလတ်စားကုန် ထုပ်လုပ်ငန်းများတစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများလုပ်ကိုင်ဆောင် ရွက်နေသောအသျှိုချင်း တိုင်ရင်းသူတိုင်းရင်းသားများနှင့်သွားရောက်တွေ့ ဆုံအားပေး စကားများပြောကြားခဲ့သည်။

       ဆက်လက်ပြီးအသျှိုချင်းတိုင်း ရင်းသားများရိုးရာ နှီးဝါးများဖြင့်ပြုလုပ်ရ သော ဝါးထရံ (ဇလီ)၊နှီးခေါက်ဖျာ၊စပါးလှမ်းဖျာ၊ဝါးခမောက်၊ စ ကော၊ပလုံး၊တောင်း ၊အမိုးသက်ကယ်နှင့်ထည့်စရာ အသုံးအဆောင်ပစ္စည်းများရက်လုပ်ရောင်း ချနေသူ များနှင့်တွေ့ဆုံမေးမြန်းခဲ့ရာ ယခင်နှစ်များကထက်ယခုနှစ်အတွင်းဝါးထရံ ( ဇလီ) နှီးခေါက်ဖျာနှင့်ခမောက်များမှာအဝယ်လိုက်ရောင်းရကြောင်း ဝါးထရံ တစ်ချပ်ကို ငွေကျပ်နှစ်သောင်းကျော်သုံးသောင်းရရှိပြီးအရောင်းရအကောင်းဆုံးဖြစ် ကြောင်း၊ နှီးခေါက်ဖျာနှင့် ခမောက်များလဲအဝယ်လိုက်ကြောင်း ခမောက်တစ်ချပ်(၂၅၀၀)ကျပ်မှ(၃ဝဝဝ)ထိရောင်းရ၍ ဝါးနှင့်ရက်လုပ်နေသူများယ ခင်နှစ်များကထက်အဝယ်လိုက်၍ ရောင်းအား ကောင်းကာ စီးပွားရေးအဆင်ပြေလျက်ရှိ ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)