မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားဝန်ထမ်းများ၊ ထောက်ပံ့ရေးနှင့်ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် တပ်ဖွဲ့တင်ရေယာဉ် (ချင်းတွင်း) စစ်တွေမြို့သို့ရောက်ရှိ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာပစ္စည်းများအား သူရိယစန္ဒာဝင်း ကုမ္ပဏီပိုင် အရပ်ဘက်ရေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားဝန်ထမ်းများ၊ ထောက်ပံ့ရေးနှင့်ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် တပ်ဖွဲ့တင်ရေယာဉ် (ချင်းတွင်း) စစ်တွေမြို့သို့ရောက်ရှိ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာပစ္စည်းများအား သူရိယစန္ဒာဝင်း ကုမ္ပဏီပိုင် အရပ်ဘက်ရေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်လျက်ရှိ




MNP ၊ မေ  ၂၁

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သည့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် တပ်ဖွဲ့တင်ရေယာဉ်(ချင်းတွင်း)သည် -


မေလ ၁၉ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၆၈၅ ဦး၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ အရပ်သားဝန်ထမ်း ၁၀၇ ဦးတို့နှင့် ကယ်ဆယ်ရေးသုံးပစ္စည်းများ၊ ရိက္ခာအမယ်စုံ၊ အထောက်အကူပြုပစ္စည်းများ၊ ဆန် ၂၀၀ အိတ်၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ စုစုပေါင်း ၂၅ တန်ခန့်တို့အား တင်ဆောင်၍ ရန်ကုန်မြို့မှ ထွက်ခွာလာခဲ့ရာ ယနေ့နေ့လည်ပိုင်းတွင် စစ်တွေမြို့၊ Essar တံတားသို့ရောက်ရှိခဲ့ပြီး မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားဝန်ထမ်းများအပါအဝင် သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ အဆိုပါ ထောက်ပံ့ရေးနှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံး ကယ်ဆယ်ရေးပစ္စည်းများအား ဖြန့်ဝေပေးသွားမည်ဖြစ်သည်။


အလားတူ တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ် ပထမအစီးသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်း ၅၈ ဦး၊ စစ်လက်နက်ပစ္စည်း တပ်ခွဲမှ မိုးကာတဲ ၆ ခု၊ ကရိန်းကား ၁ စီး၊ အာလူး ၃ အိတ်၊ ကြက်သွန် ၃ အိတ်၊ ဆီ ၃ ပုံး၊ အမိုးတဲ ၃ ပုံး၊ မီးစက် ၁ လုံးနှင့် ဆိုင်ကယ် ၁ စီးတို့အားလည်းကောင်း၊ ၂၉ ကမ်းထိုးရေယာဉ်ဒုတိယမြောက်အစီးသည် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တပ်ဖွဲ့ဝင် ၁၅ ဦး၊ အရပ်သားဝန်ထမ်း ၆၉ ဦး၊ စစ်ထောက်ချုပ်ရုံးမှ TA TA ကား ၁ စီးတို့အားလည်းကောင်း တင်ဆောင်၍ ယနေ့နံနက်ပိုင်းတွင် ရေချမ်းပြင်ကမ်းထိုးရပ်မှ ရသေ့တောင်ကမ်းထိုးရပ်သို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထပ်မံသယ်ဆောင်ပေးရန်အတွက် ရေချမ်းပြင်၌ ပြန်လည်အခြေပြုလျက် ရှိသည်။


ထို့အတူ ဗိုလ်အောင်ကျော်ဆိပ်ကမ်း အမှတ်(၂) ဗောတံတားတွင် ဆိုက်ကပ်ထားသော သူရိယစန္ဒာဝင်းကုမ္ပဏီပိုင် MV- FORTUNE အလျား(၂၄၀) ပေ၊ အနံ(၆၀)ပေ၊ ရေစူး(၁၃)ပေ၊ စုစုပေါင်းမက်ထရစ်တန် (၂၄၀၀)တန်တင်ဆောင်နိုင်သည့် သင်္ဘောဖြင့် ရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူများအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင်အလှူရှင်များ၊ ဝန်ကြီးဌာနများမှ ပေးအပ်လှူဒါန်းသည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများ ဖြစ်သည့် 50– KVA မီးစက်(၁၀) လုံး၊ 100- KVA မီးစက်(၂)လုံး၊ 500– KVA မီးစက် (၁) လုံး၊ .36 မီလီ အမိုးသွပ်(၇၁၇၉၀) ချပ်၊ ဒေါင့်သံ (၁၀၀) တန်နှင့် Box Truck(၁) စီး၊ ကုန်တင်ယာဉ်(၂) စီး၊ မြေကြိတ်ယာဉ်(၄) စီး၊ (၅) တန် ကရိန်းယာဉ်(၁) စီး (၂၀) တန်၊ မိုးကာတဲ (၁၇၄) လုံး၊ ဘိလပ်မြေ(၈၀၀၀) အိတ်၊ ဆန်(၁၀၀၀) အိတ်၊ စားဆီ (၁၅၀၀) ဖာ၊ ရေသန့်(၂၅၀၀) ပါကင်၊ ခေါက်ဆွဲခြောက်(၄၀၀၀) ဖာ၊ ကုလား ပဲ(၁၀၀) အိတ် (၃၀၀၀) ပိဿာ ၊ သစ် ဆိုက်မျိုးစုံ(၁၄၀) တန် သွပ်ရိုက်သံ(၂ဝဝဝ) ဖာ၊ ထုံးအိတ်(၃၁၇) အိတ်၊ ရေသန့်စက်အသေး(၁၆၀) စုစုပေါင်း(၂၁၀၀) မက်ထရစ်တန်ကိုလည်းကောင်း၊ MV- MV.SUN SHINE အလျား(၂၇၂) ပေ၊အနံ (၆၄) ပေ၊ ရေစူး (၁၄) ပေ၊ မက်ထရစ်တန် (၄၀၀၀) တန်တင်ဆောင်နိုင်သည့် သင်္ဘောဖြင့် ရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းမျိုးစုံဖြစ်သည့် လျှပ်ကွန်ကရစ်မီးတိုင်း ၃၈၀၀ တိုင်၊လျှပ်စစ်မီးကြိုး ၅၀၀၀ မီးတာ၊ 160KV ထရန်စ္စဖေါ်မာ ၂၀လုံး၊ မိုးကာလိတ်၊ ဘေထုတ်၊ တာဝါတိုင်အပိုပစ္စည်း၊ မိုးကာတဲ၊ စုစုပေါင်း ၃၆၅၀ တန်တင်ဆောင်၍လည်းကောင်း စစ်တွေမြို့သို့ ထွက်ခွာသွားရာ အလယ်ပိုင်းရေတပ်ကွပ်ကဲမှုဋ္ဌာနချုပ် ဋ္ဌာနချုပ်မှူး ဗိုလ်ချုပ်ထိန်ဝင်း၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ အထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင်၊ မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူများ မှ လာရောက်ကြည့်ရှုစစ်ဆေးကြပ်မတ် နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)