ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်







MNP ၊ မေ  ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများကို အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ အထွေထွေရောဂါကုသမှုဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့က ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများအား ဆက်လက်ဆောင်ရွက် ပေးလျက် ရှိသည်။ 


ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ခွဲစိတ်အထူးကုပါရဂူ ဗိုလ်ကြီးထင်လင်း၊ အထွေထွေရောဂါကုသမှုဆရာဝန် ဗိုလ်ကြီးကျော်စံဝင်းနှင့် သူနာပြုများပါဝင်သည့်အဖွဲ့သည် ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်ရှိ မိုခါမုန်တိုင်းလေပြင်းဒဏ်ခံစားခဲ့ရ သောပြည်သူများအား ဆေးကုသမှုအခက်အခဲမရှိစေရန်အတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ သွားနှင့်ခံတွင်းရောဂါခံစားနေရသူများ၊ မျက်စိဝေဒနာ ခံစားနေရသူများ၊ နာမကျန်းဖြစ်နေသူများနှင့် ကလေးသူငယ်များမှ လာရောက်၍ ဆေးကုသမှုခံယူလျက်ရှိပြီး နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ဆရာဝန်များနှင့်တာဝန်ရှိသူများက လိုအပ်သည့်ဆေးဝါးများနှင့် ဆေးကုသပေးမှုများ ကို (အခမဲ့) ဆောက်ရွက်ပေးလျှက်ရှိသည်။ အလားတူ ယမန်နေ့ နံနက်ပိုင်းကလည်း အဆိုပါ နယ်လှည့် ဆေးကုသရေးအဖွဲ့သည် ငလပွေ့ရပ်ကွက်ရှိမုန်တိုင်းဘေးဒဏ်ခံရသည့် ပြည်သူများအား ‌ကျန်းမာရေးစောင့် ရှောက်မှုများ ပေးထားပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


ယင်းသို့ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ရာသို့ ကျောက်ဖြူတပ်နယ်ဗျူဟာမှူး၊  ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်း နှင့် အဖွဲ့ဝင်များမှ လှည့်လည်ကြည့်ရှုပြီး အားပေးစကားများပြောကြားကာ လူတစ်ယောက်လျှင် (၇)ရက်စာ အမယ်(၅)မျိုးပါရှိသည့် ဆန်ရိက္ခာထုတ်နှင့် Nay Pyi Taw ရေသန့် တစ်ကဒ်စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)