တရုတ် - မြန်မာ အိန္ဒိယသမုဒ္ဒရာ ရေလမ်းကြောင်းသစ်တည်ဆောက်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးဇုန်တည်ဆောက်ရေး အသေးစိတ်ရှင်းလင်းတင်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ် - မြန်မာ အိန္ဒိယသမုဒ္ဒရာ ရေလမ်းကြောင်းသစ်တည်ဆောက်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးဇုန်တည်ဆောက်ရေး အသေးစိတ်ရှင်းလင်းတင်ပြ

 


MNP ၊ မေ ၂၀

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့နံနက်ပိုင်းက လင်ချန်းမြို့ ဘူတာရုံ၌ တရုတ် - မြန်မာ အိန္ဒိယသမုဒ္ဒရာ ရေလမ်းကြောင်းသစ်တည်ဆောက်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးဇုန်တည်ဆောက်ရေးနှင့် အနာဂတ်စီမံကိန်းများကို လင်ချန်းမြို့ ဒုတိယမြို့တော်ဝန် Mr. Zhao Zijie က မြေပုံကားချပ်များဖြင့် အသေးစိတ်ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နံနက် ၁၁ နာရီတွင် Lintong Hotel ၌ တရုတ်ကွန်မြူနစ်ပါတီ လင်ချန်းမြူနီစပယ်ကော်မတီအတွင်းရေးမှူး Mr. Zhang Zhizheng နှင့် လင်ချန်းမြို့တော်ဝန် Mr. Du Jianhui အပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံကာ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွား ကဏ္ဍမြှင့်တင်ရေးကိစ္စရပ်များ၊ နယ်စပ်ဂိတ်များအဆင့်မြှင့်တင်ခြင်းဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် လင်ချန်းမြို့ပြ စီမံကိန်းပြတိုက်နှင့် ဝမ်ယောင်ကျေးရွာရှိ ကြွေထည်မြေထည်ထုတ်လုပ်သည့် လုပ်ငန်းတို့သို့ သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)