မြောက်ဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီများ အရေးပေါ်လုပ်ငန်း ညှိ နှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီများ အရေးပေါ်လုပ်ငန်း ညှိ နှိုင်းအစည်းအဝေးကျင်းပ





MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့ နေ့လယ် ၁၂ နာရီအချိန် က ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ  မြောက်ဦးခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင် မှအဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကော်မတီများဖွဲ့စည်းကာ ကော်မတီများအလိုက် လုပ်ငန်းတာဝန်များကို ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မြောက်ဦးခရိုင်အတွင်းရှိ   မြစ် ချောင်း နံဘေးတွင် နေထိုင်သော ကျေးရွာအုပ်စုများကို ဘေးလွှတ်ရာသို့ ကြိုတင်ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေနေ၊ထိရှလွယ်အုပ်စုများဖြစ်သော ကလေး၊မသန်စွမ်း၊သက်ကြီးရွယ်အိုများကို ကြိုတင်၍ လုံခြုံမှုရှိသော နေရာ၌ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပြောင်းရွှေ့လာသော ပြည်သူများအား စားနပ်ရိက္ခာဖူလုံစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စေရေးအတွက် လုံခြုံမှုရှိသောနေရာ၌ ကြိုတင်ပြောင်းရွှေ့၍ ဆေးဝါးများ အသင့်ထား ရှိမှုအခြေအနေ၊ ဌာနဆိုင်ရာ များပူး ပေါင်း၍ မုန်တိုင်း ဘေးအန္တရာယ် နှိုးဆော်မှုနှင့် မုန်တိုင်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ထားရှိမှု အခြေ အနေ တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ 


အဆိုပါ အခမ်းအနားသို့မြောက်ဦးခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင် ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ ဌာနဆိုင်ရာများ၊ ဆပ်ကော်မတီဝင်များ တက်ရောက်ခဲ့ ကြပြီး ဖွဲ့စည်းထားသော ဆပ်ကော်မတီအလိုက် လိုအပ် သည်များကို ရှင်းလင်းပြောကြားရာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ  မှ သဘာ ဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီများ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအပေါ် ပေါင်းစပ်ညှိ နှိုင်းခဲ့ ကြောင်း သိရ သည်။


 မြင့်စိုး၊စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)