တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အလယ်အာရှနိုင်ငံ ၅ နိုင်ငံ ခေါင်းဆောင်များ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အလယ်အာရှနိုင်ငံ ၅ နိုင်ငံ ခေါင်းဆောင်များ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်






ရှီးအန်း၊ မေ ၂၁ 

တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ ရှီးအန်းမြို့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် မေ ၁၉ ရက်က အောင်မြင်စွာ ကျင်းပခဲ့သည်။ အစည်းအဝေးအပြီးတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဇက်စတန်နိုင်ငံ သမ္မတ Kassym-Jomart Tokayev၊ ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov၊ တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ Emomali Rahmon၊ တာ့ခ်မင်နစ္စတန် သမ္မတ Serdar Berdimuhamedov၊ ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyevတို့နှင့်အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ 

သမ္မတ ရှီကျင့်ဖိန်က မကြာသေးမီကပင် မိမိနှင့် အလယ်အာရှနိုင်ငံ ၅ နိုင်ငံမှ ခေါင်းဆောင်များက တရုတ်-အလယ်အာရှ ထိပ်သီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ မိမိတို့အတူ တရုတ်-အလယ်အာရှ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး သမိုင်းကို ပြန်လည်ကြည့်ရှုခဲ့ကြသလို နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို သုံးသပ်ပြီး အောင်မြင်မှုအတွေ့အကြုံများကို အနှစ်ချုပ်ကာ သဘောတူညီချက်သစ်များ စုစည်းနိုင်ခဲ့ကြကြောင်း ၊ 《တရုတ်-အလယ်အာရှ ထိပ်သီး အစည်းအဝေး ရှီးအန်းကြေညာချက်》ကို မိမိတို့အတူ လက်မှတ်ရေးထိုး၍ ထိပ်သီးအစည်းအဝေး၏ ရလဒ်များကို အတည်ပြုပြီး အနာဂတ် တရုတ်-အလယ်အာရှ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲခဲ့ကြကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ 

ရာစုနှစ်အပြောင်းအလဲကို ရင်ဆိုင်ရာတွင် နိုင်ငံအသီးသီး၏ အခြေခံအကျိုးစီးပွားနှင့် ထွန်းလင်းတောက်ပသည့် အနာဂတ်ကို ရှေးရှု၍ စိန်ခေါ်မှုများကို မိမိတို့အတူ တက်ညီလက်ညီ ရင်ဆိုင်ပြီး  ပိုမို နီးကပ်မှုရှိသော တရုတ်-အလယ်အာရှ အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ဆောက်ကာ လူသားမျိုးနွယ်တို့၏ ကံကြမ္မာတူ အကျိုးတူ အသိုက်အဝန်းတည်ဆောက်ရေးအတွက် ပါဝင်အကျိုးဆောင် တွန်းအားပေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ 


Ref - (ဆင်ဟွာ)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)