MNP ၊ မေ ၁၇
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် အလယ်ရွာကျေးရွာရှိ မီးဘေးကြောင့်ပျက်စီးသွားသောနေအိမ်မိသားစုအား ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလယ်ရွာကျေးရွာရှိနေအိမ်မိသားစုသည် မေလ ၈ ရက်နေ့က မီးဘေးကြောင့် ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀ဝိ/-) ကျပ်၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေ (၈၄၀ဝိ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၈၄၀ဝိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး တစ်အိမ်ထောင်စာတို့အား မြို့နယ်အထွေထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှတာဝန်ရှိသူများနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment