MNP ၊ မေ ၃
မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ အာစိဏ္ဏာရာမကျောင်းတိုက်၏ (၈၇)ကြိမ်မြောက်ပရိယတ္တိ သာသနောဒယစာမေးပွဲ စာအောင်သံဃာဓမ္မပူဇာ ဆုနှင်းသဘင် အခမ်းအနားကို မေလ ၂ ရက်နေ့ နေ့လည်(၁၂)နာရီအချိန်က အဆိုပါကျောင်း၀င်းအတွင်းရှိ ဓမ္မသီတလ ကျောင်းဆောင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသူရိယထံမှ ကြွရောက် လာကြသူတို့က သီလခံယူ ဆောက်တည်ခြင်းနှင့် ဩဝါဒတရားများ နာကြားကြပြီးနောက် ဖြေဆို အောင်မြင်တော်မူကြသည့် ရဟန်း၊ ရှင်သာမဏေနှင့် သီလရှင်တို့အား စာအောင်ဆုနှင့် လှူဖွယ်များ ချီးမြှင့်လှူဒါန်းခဲ့ကြသည်။
အဆိုပါ အာစိဏ္ဏာရာမပရိယတ္တိစာမေးပွဲကို ပရိယတ္တိသာသနာ့၀န်ဆောင်ဆရာတော်များ ဦးဆောင်၍ ယခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့မှ (၁၂) ရက်နေ့အထိ (၆)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊ ဓမ္မာစရိယတန်း ရဟန်း၊ ရှင်သာမဏေသီလရှင်(၆၉၄)ပါးတို့ ၀င်ရောက်ဖြေဆိုတော်မူခဲ့ရာ ဓမ္မာစရိယတန်း(၈)ပါး၊ ပထမကြီးတန်း(၆)ပါး၊ ပထမလတ်တန်း(၁၉)ပါး၊ ပထမငယ်တန်း(၃၂)ပါး၊ အခြေပြုမူလတန်း(၁၅၈)ပါး စုစုပေါင်း (၂၂၃)ပါးအောင်မြင်တော်မူခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment