ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူများ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသည့် စာသင် ကျောင်းများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူများ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသည့် စာသင် ကျောင်းများအား ကွင်းဆင်းစစ်ဆေး






MNP ၊ မေ  ၂၂

   ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက် ပျက်စီးရှုံးဆုံးခဲ့သည့် စာသင် ကျောင်းများအား ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်မှ ပုဏ္ဏားကျွန်းမြို့နယ်ဒေသကို အနီးကပ်ကြီးကြပ်နိုင်ရန် တာဝန်ပေးခံရသည့် ဗိုလ်မှူးချုပ် ဝင်းမောင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့၊ နံနက် (၈)နာရီက ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ စာသင်ကျောင်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဗိုလ်မှူးချုပ် ဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ တပ်မတော်အရာရှိများနှင့်တာဝန်ရှိသူများက ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ အလွန့်အလွန်အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်း(အထက)၊ အ-ထ-က(ခွဲ)မြို့မ၊ အ-ထ-က(ကွန်းတောင်)၊ မူ/လွန်(မြို့သစ်)၊ မူ/လွန်(ရွာဟောင်း)စသည့် စာသင်ကျောင်းများသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ပြီး၊ ကျောင်းဖွင့်ရက်အမီကျောင်းများဖွင့်လှစ်နိုင်ရန်အမြန်ဆုံး ပြုပြင်နိုင်ရေးအတွက် မြို့နယ်ပညာရေးမှူးဦးကျော်ဟန်နှင့်ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်အား တွေ့ဆုံ ၍ ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။


ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မြို့နယ်ပညာရေးမှူးရုံး(၁) ရုံးအပါအဝင် အခြေခံပညာကျောင်းပေါင်း(၁၉၉) ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment