ဗန်းမော်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ပြုလုပ်








MNP ၊ မေ ၂၉

ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်တံခွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးခက်ထိန်နန် ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဦးတူးဂျာ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဆရာကြီးဦးခင်မောင်ထွေး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် ကျောင်းသားကျောင်းသူများက ပညာပန်းခင်း သီချင်းဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်သီရိပျံချီဦးခက်ထိန်နန် က အမှာစကားပြောကြားခဲ့ကာ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ထုလွမ် က ပညာရေးဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အထက်တန်းကျောဂ်းသားကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များကိုလည်းကောင်း၊ ပြည်နယ်တရားသူကြီးချုပ် က အလယ်တန်းကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ် ဗလာစာအုပ် ခဲတံနှင့် ဘောပင်များကိုလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး က မူလတန်းကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံ ကျောင်းသုံးပုံနှိပ်စာအုပ်ဗလာစာအုပ်ခဲတံနှင့်ဘောပင်များကိုလည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး က ဘုန်းတော်ကြီးသင်ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ် ဗလာစာအုပ် ခဲတံနှင့် ဘောပင် များကိုလည်းကောင်း၊  ပြည်နယ်ပညာရေးမှူးက ကိုယ်ပိုင်ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ် ဗလာစာအုပ် ခဲတံ ဘောပင်များနှင့် KG Kit ပုံးများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့သည့်အပြင် ထောက်ပံ့ငွေများကိုလည်း ပေးအပ်ခဲ့သည်။


ယင်းနောက် ကျောင်းသားကျောင်းသူလေးများက မြန်မာ့ကျောင်း သီချင်းဖြင့် အခမ်းအနားပိတ်သိမ်းသီဆိုခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)