MNP ၊ မေ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ဖမ်းဆီးရမိအကြမ်းဖက်သမား၊ အကြမ်းဖက်လှုံ့ဆော်သူတချို့ကို ၂၆-၅-၂၀၂၃ ရက်နေ့က ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့နယ်၊ ပေါက်ငယ်တောကျေးရွာတွင် နေထိုင်လျက်ရှိပြီး ကနီမြို့နယ်တွင် အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့ခြင်း၊ သင်တန်းဆင်းပြီးနောက် အကြမ်းဖက်အဖွဲ့တွင် ကိုယ်တိုင်ပါဝင်ခဲ့သူ တရားခံ မိုးထက်ကျော် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) အရ ထောင်ဒဏ် (၅)နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
မုံရွာမြို့၊ ဒေါနခြံရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ဆန္ဒပြပွဲများတွင် လိုက်ပါခဲ့ခြင်း၊ ကနီမြိုနယ်တွင် အကြမ်းဖက်သင်တန်း တက်ရောက်ခဲခြင်း၊ သင်တန်းဆင်းပြီးနောက် အကြမ်းဖက်အဖွဲ့တွင် ကိုယ်တိုင်ပါဝင်ခဲ့၍ ထောက်ပံ့ရေးတာဝန်ထမ်းဆောင်ပြီး လက်နက်၊ ရိက္ခာများ တဆင့်ခံ သယ်ဆောင်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ အောင်ကျော်မင်း အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်၊ ပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ် ၆ နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
မုံရွာမြို့၊ ရန်ကင်းရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ဆန္ဒပြပွဲများတွင် လိုက်ပါခဲ့၍ လုံခြုံရေးအဖွဲ့များအား လေးခွ၊ ဂျင်ကလိများဖြင့် ပစ်ခတ်ခဲ့ရာတွင် ပါဝင်ခဲ့ခြင်း၊ လုံခြုံရေးအဖွဲ့များအား တိုက်ခိုက်ရန် လက်လုပ်ဗုံးများ စမ်းသပ်ပြုလုပ်ခဲ့သူ တရားခံ မျိုးဌေး(ခ)ကိုဌေး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်၊အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ် ၆ နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့၊ တန်းတောရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့သို့ဝင်ရောက်ခဲ့ပြီး မုံရွာမြို့အတွင်း လက်လုပ်မိုင်း ဖောက်ခွဲခဲ့သော တရားခံ ဆန်းဇော်မျိုး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ဈ) အရ အလုပ်နှင့် ထောင်ဒဏ် (၁၁)နှစ်၊ အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ် ၄ နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment