ကျွန်းလှမြို့နယ်၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်



MNP ၊ မေ  ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသား၊ သမီးများအား ယဉ်ကျေး လိမ္မာသော ကလေးငယ်များဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ကြီးမှူးပြီး အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းကို ယနေ့ နံနက် ၉ နာရီက စုပေါင်းရုံးခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။



သင်တန်းတွင် ကလေးငယ်များအား ဩကာသဘုရားရှစ်ခိုးနည်း၊ ဗုဒ္ဓဝင်အကျဉ်း၊ (၃၈) ဖြာ မင်္ဂလာ၊ ငါးပါးသီလ၊ လူကောင်းနှင့် လူမိုက်အကြောင်းတို့ကို သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၁၉)ဦး တက်ရောက်ကြကြီး သင်တန်းနည်းပြ သုံးဦးဖြင့် မေ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


မျိုးဝင်းညို ကျွန်းလှ

 https://t.me/MyanmarNationalPost




No comments:

Post a Comment