MNP ၊ မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့နံနက်၁၀နာရီက စာပေချစ်မြတ်နိုးသူများ အချင်းချင်းရင်းနှီးကျွမ်းဝင်မှုရရှိပြီး စာပေမှတစ်ဆင့် အသိပညာဗဟုသုတများရရှိလာစေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club နှင့်စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာမြေလတ်ထင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာကျော်ထင်ရာဇာ(အင်းရွာ)က ၎င်းကိုယ်တိုင်ရေးသားထားသော “သင်္ကြန်နှင့်သိကြားမင်း”ဆောင်းပါးကိုဖတ်ရှုခဲ့သည်။
အဆိုပါဆောင်းပါးသည် ကိုးကားကျမ်းများအရသင်္ကြန်သည် မြန်မာနိုင်ငံမှစတင်ခဲ့ခြင်းဖြစ်ကြောင်း၊ သိကြားမင်းနှင့်သင်္ကြန်မင်းကိုခွဲခြားသိစေခြင်းနှင့် သင်္ကြန်ကာလအတွင်းပြုလုပ်သင့်သည့် ကောင်းမှု ကုသိုလ်များအကြောင်း အစရှိသည်တို့ကို ရေးသားထားရာ တက်ရောက်လာသူများမှ ရေးသားထား သည့်ဆောင်းပါးအား ပြန်လည်ဆွေးနွေးခြင်း၊ အကြံပြုသုံးသပ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment