မော်လမြိုင်ခရိုင်(Community Centre)ခန်းမ၌ သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ခရိုင်(Community Centre)ခန်းမ၌ သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ


MNP ၊ မေ  ၁၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြင့်မြတ်သီတာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ငယ်ဝါဝါသင်းနှင့် အငယ်တန်းစာရေးဒေါ်ရွှေဇင်ထက်တို့က မြေပြိုခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် သွင်ပြင်လက္ခဏာများအကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သော မြေပြိုမှုဖြစ်စဉ်များအကြောင်း၊ မြေပြို၊ တောင်ပြိုမှု ဘေးအန္တရာယ်​လျော့နည်းအောင်ကာကွယ်ခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများအကြောင်းစသည့် ကြိုတင်ကာကွယ်မှုများကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။


မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် ပြည်သူများဗဟုသုတရဖွယ် အကြောင်းအရာကဏ္ဍတို့အား အသိပညာပေးဆွေးနွေးပွဲ (Talk Show)များအဖြစ် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ အဆိုပါဆွေးနွေးပွဲများကို We Love Mawlamyine Page တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)