MNP ၊ မေ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Women Club ပြန်လည်ဖွဲ့စည်းခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိက အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာမြင့်မားလာစေရေးအတွက်လည်းကောင်း၊ အမျိုးသမီးများ အခွင့်ကာကွယ်ရေးနှင့် လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက်လည်းကောင်း၊ ယခုလို Women club ပြန်လည်ဖွဲ့စည်းထားရှိခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူ အမျိုးသမီးအသင်း Women Club အဖွဲ့ဝင်များမှ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းအကြောင်းအရာများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်းနှင့် ပြည်သူ့စာကြည့်တိုက်၌ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား လေ့လာဖတ်ရှု ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ
https://t.me/MyanmarNationalPost



No comments:
Post a Comment