မိုင်းဆတ်မြို့ (Community Centre) ခန်းမ၌ ပန်းချီပြိုင်ပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့ (Community Centre) ခန်းမ၌ ပန်းချီပြိုင်ပွဲကျင်းပပြုလုပ်




MNP ၊ မေ  ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပန်းချီပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


နွေရာသီကျောင်းပိတ်ရက်များတွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ရောင်စုံကာလာအသုံးပြုမှု ကျွမ်းကျင် ပိုင်နိုင်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်ရည်ဉာဏ်သွေး၊ တွေးခေါ်ကြံဆနိုင်စွမ်းမြင့်မားစေရေးနှင့် ပန်းချီစွမ်းရည်တိုးတက်စေရေးအတွက် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။


ထို့နောက် ပန်းချီဝါသနာရှိသည့် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များက မိမိတို့ကြိုက်နှစ်သက်ရာ ပန်းချီများရေးဆွဲယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။


မြင့်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment