ရွှေဘိုခရိုင် လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြို အသိပညာပေး ဟောပြောပွဲ၊ စာအုပ်/စာ​စောင်နှင့် နံရံကပ်စာ​​စောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုခရိုင် လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြို အသိပညာပေး ဟောပြောပွဲ၊ စာအုပ်/စာ​စောင်နှင့် နံရံကပ်စာ​​စောင်ပြပွဲကျင်းပ



MNP ၊ မေ  ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို အသိပညာပေး ဟောပြောပွဲ၊ စာအုပ်/ စာ​စောင်နှင့် နံရံကပ်စာ​စောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အသိပညာပေး ဟောပြောပွဲတွင် ​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ​ဒေါ်​အေးမြမွန်က အသိပညာပေး ဟောပြောပွဲ၊ စာအုပ်/စာ​စောင်ပြပွဲ၊ နံရံကပ်စာ​စောင်ပြပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည် ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာလင်းက ပတ်ဝန်းကျင်ထိန်းသိမ်း​ရေး​နေ့ ဖြစ်​ပေါ်လာပုံနှင့် ပလတ်စတစ်၏ အဓိပ္ပါယ်၊ ပလတ်စတစ်​ပေါ်​ပေါက်လာပုံနှင့် ပါဝင်သည့်ပစ္စည်းများ ပလတ်စတစ်၏ အကျိုး​ကျေးဇူး၊ ပလတ်စတစ် အမျိုးအစားများနှင့် ပလတ်စတစ်ထုတ်လုပ်သုံးစွဲမှုအ​ခြေအ​နေ၊ ပလတ်စတစ် ညစ်ညမ်းမှု​ကြောင့် ဖြစ်​ပေါ်လာနိုင်​သော ဆိုးကျိုးများ၊ ပလတ်စတစ်ပစ္စည်းများ အသုံးပြုမှုကို​လျှော့ချရန်နည်းလမ်းများ စသည် တို့ကို အကျယ်တဝင့်​ဆွေး​နွေးပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။


ထို့​နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ ​လေ့လာနိုင်ရန်၊ စာအုပ်/စာ​​စောင်နှင့် ပလတ်စတစ် ညစ်ညမ်းမှုအန္တရာယ်အ​ကြောင်း သိ​ကောင်းစရာ၊ နံရံကပ်စာ​စောင်များ ပြသရာတက်​ရောက်လာသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)