မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှုများအား အောသိုဒေါ့ ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သောအဖွဲ့ လေ့လာ ဖူးမြော်ကြည်ညို - Myanmar National Post

Myanmar National Post

News Agency

Breaking

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှုများအား အောသိုဒေါ့ ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သောအဖွဲ့ လေ့လာ ဖူးမြော်ကြည်ညို


MNP ၊ မေ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ် တော်အတွင်း တည်ဆောက် ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့် အရှေ့တောင်အာရှ ဒေသလုံး ဆိုင်ရာ အောသိုဒေါ့ ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သော မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV တို့ပါဝင်သောအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် လာရောက် လေ့လာဖူးမြော် ကြည်ညိုကြသည်။

ထိုသို့ လေ့လာဖူးမြော် ကြည်ညိုကြသည့် အဖွဲ့များအား တာဝန်ရှိသူ တစ်ဦးက မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား တည်ထား ကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ တည်ထားကိုးကွယ်ရန် စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့် တူးဖော်ခြင်းနှင့် ကျောက်တုံးတော်ကြီး အစိတ်အပိုင်းများကို ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတို့ဖြင့် ပင့်ဆောင်ခဲ့ရမှုအခြေအနေများ၊ ရုပ်ပွားတော်မြတ် ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃/၄)တို့အား ထုဆစ်ခြင်း၊ ပလ္လင်တော် အထက်သို့ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင် ဝန်ချီစက်တည်ဆောက်ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ဆောင်ခြင်းနှင့် ပင့်ဆောင်နေရာချထားခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှု အခြေအနေများ၊ မာရဝိဇယဗုဒ္ဓဥယျာဉ် တော်ကြီးနှင့် သာသနိက အဆောက်အဦ စိမ်းလန်းစိုပြေ သာယာလှပစေရေး သစ်ပင်၊ ပန်းမန်များစိုက်ပျိုး ဆောက်ရွက်နေမှု အခြေအနေများ၊ သာသနိက အဆောက်အဦများ ဆောက်လုပ်နေမှု အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ဧည့်သည်တော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့် အရှေ့တောင်အာရှ ဒေသလုံးဆိုင်ရာ အောသိုဒေါ့ ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သောအဖွဲ့သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ် တော်ကြီးအတွင်းရှိ သာသနိက အဆောက်အဦများ တည်ဆောက် ပြီးစီးမှုနှင့် ဆက်လက် တည်ဆောက်နေမှုများအား လှည့်လည်ကြည့်ရှု့ကြ ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)