ရွှေကူမြို့နယ်၊ သာယာကုန်းကျေးရွာအတွင်းသို့ KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် လာရောက် ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်များ မီးလောင်ပျက်စီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေကူမြို့နယ်၊ သာယာကုန်းကျေးရွာအတွင်းသို့ KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် လာရောက် ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်များ မီးလောင်ပျက်စီး



MNP ၊ မေ ၈

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ သာယာကုန်းကျေးရွာအတွင်းသို့  KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မေ ၇ ရက် ညပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရွှေကူမြို့နယ်၊ သာယာကုန်းကျေးရွာအနီး နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား မေ ၇ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် KIA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာ၏ မြောက်ဘက် မီတာ ၇၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီးများဖြင့်  လာရောက် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများက ကျေးရွာ၏ အနောက်မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေး သွားခဲ့ကြောင်းနှင့် အဆိုပါအကြမ်းဖက်သမားများ ပစ်ခတ် တိုက်ခိုက်ခဲ့သည့် လက်နက်ကြီးကျည်များသည် ကျေးရွာအတွင်းကျရောက် ပေါက်ကွဲ မှုကြောင့် မီးကူးစက်လောင်ကျွမ်းခဲ့ရာ လူနေအိမ် ၁၅ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ  နေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)