ရေးမြို့မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် ၂ စီးအား KNLA တပ်မဟာ(၆)မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေးမြို့မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် ၂ စီးအား KNLA တပ်မဟာ(၆)မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီး



နေပြည်တော်၊ မေ ၂၉

KNLA တပ်မဟာ(၆)မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် ရေးမြို့မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် ၂ စီး အား လက်နက်ငယ်များဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ကားနှင့်ဆိုင်ကယ်အဟောင်းများ တင်ဆောင်၍ ရေးမြို့မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသည့် Nissan Diesel အမျိုးအစား ၁၂ ဘီးယာဉ်နှင့် ၆ ဘီးယာဉ် ၂ စီးအား ရေး-မော်လမြိုင်သွား ကားလမ်း မိုင်တိုင် အမှတ်၊ ၆၂/၅ နှင့် ၆၂/၆ အကြားနေရာ၌ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် KNLA တပ်မဟာ(၆)မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ကားဘီးများအား ပစ်ဖောက်၍ ယာဉ်မောင်းခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ယာဉ်မောင်း ၂ ဦးမှာ အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။


ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်ဘဲ အေးချမ်းစွာသွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား ပစ်ခတ် တိုက်ခိုက်၍ မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား တရား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)