ကျိိုက်ထိုမြို့နယ်တွင် ကိုဗစ်ရောဂါကာကွယ် ရေး Mask Campaign ဆက်လက်ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိိုက်ထိုမြို့နယ်တွင် ကိုဗစ်ရောဂါကာကွယ် ရေး Mask Campaign ဆက်လက်ပြုလုပ်





MNP ၊ မေ ၂

     မွန်ပြည်နယ် ၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်း သွားလာလှုပ်ရှားနေထိုင်လျှက်ရှိသည့် ပြည်သူများ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန် ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရန် မေလ ၂ ရက်နံနက် ၉ နာရီတွင် ရန်ကုန်-မော်လမြိုင်သွားကားလမ်းဘေးရှိ မြို့နယ်စည်ပင်သာယာပြည့်သူ့ဈေး ရှေ့၌ဌာနဆိုင်ရာများပူးပေါင်း၍ Mask Campaign အသိပညာပေးလုပ်ငန်းကိုဆက်လက် ဆောင်ရွက်ခဲ့ကြသည်။


     ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ခရီးသွားပြည်သူများကို  ပါးစပ်နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရန် နှင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်လမ်းညွှန်ချက်များအတိုင်းနေထိုင်ကြရန်အစရှိသည်တို့ကို ပြောကြားပြီး Mask များအားအခမဲ့ ဖြန့်ဝေပေးခဲ့သည်။


      ယင်းသို့အသိပညာပေးဆောင်ရွက်ရာ တွင် မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တို့မှ  ကျိုက်ထိုမြို့ရှိ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ် သွားလာလှုပ်ရှားနေကြသည့်မော်တော် ယာဉ်များ၊ ဆိုင်ကယ်များ၊ ခရီးသွားလာနေကြသည့် ပြည်သူများအား အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ထိုးနှံကြရေး စသည်တို့ကို အသိပညာပေး ပြောကြားပြီး နှာခေါင်းစည်း Mask များကိုဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)