အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီ ကယ်ဆယ်ရေး ပစ္စည်များအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်နှင့် MCL ကုမ္ပဏီပိုင် ရေယာဉ်တို့ဖြင့် ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီ ကယ်ဆယ်ရေး ပစ္စည်များအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်နှင့် MCL ကုမ္ပဏီပိုင် ရေယာဉ်တို့ဖြင့် ပို့ဆောင်


MNP ၊ မေ ၂၅

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ် သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၅၆ မီတာ ကမ်းထိုး ရေယာဉ်တစ်စီးသည် နယ်မြေခံအခြေချယန္တယားအလုပ်ရုံမှ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ် CAT 320 EXCAVATOR ၂ စီး စုစုပေါင်း ကုန်တန်ချိန် ၄၀ တန်တို့အား အငူမော်ကမ်းထိုးရပ်၌ တင်ဆောင်၍ ယနေ့နေ့လည် ပိုင်းတွင် စစ်တွေမြို့သို့ ထပ်မံပို့ဆောင် ပေးခဲ့သည်။

အလားတူ  ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင်  ဗိုလ်တထောင် မြို့နယ်၊ မိသားစုရပ်ကွက်၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်း တွင်ဆိုက်ကပ်ထားသော   MCL ကုမ္ပဏီပိုင် အလျား(၂၄၀) ပေ၊ အနံ(၆၀) ပေ၊ ရေစူး(၁၅) ပေ စုစုပေါင်း (၂၆၀ဂ) မက်ထရစ်တန် တင်ဆောင်နိုင်သည့် MV- MCL 5  ရေယာဉ်သည် ရခိုင်ဒေသ လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းမျိုးစုံ ဖြစ်သည့် မြန်မာ့ သစ်လုပ်ငန်းမှ သစ်ဆိုဒ်မျိုးစုံ(၂၀၉. ၄၉၄၅)တန်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း၊ ပစ္စည်းစီမံရေးရာ ဋ္ဌာန(ရန်ကုန်)မှ 600 V Cable Meter(၄၀၀၀၀)၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာနမှ (၉) ပေ သွပ်(၁၀၆၂၉၀) ချပ်၊ (၂)လက်မသံ(၁၂၅၀)ပိဿာ၊ မိုးကာတဲ(၂၅၄) လိပ်၊ ခေါက်ဆွဲ ခြောက်(၉၀၁၅၀)ထုပ်၊  အိမ်ရိုက်သံဆိုက်စုံ(၁၂) တန်၊သွပ်ရိုက်သံ(၂၂)တန်၊ အမိုးသွပ် (၁၁) ထုပ်၊ ဆန်(၁၉၁၈၀)အိတ် စုစုပေါင်း(၂၄၀၀) မက်ထရစ်တန်  တင်ဆောင်၍ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်းနှင့် ရေယာဉ်ထွက်ခွာချိန်တွင် အလယ်ပိုင်းရေ တပ်ကွပ်ကဲမှုဋ္ဌာနချုပ် ဋ္ဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်း၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင်နှင့် တာဝန်ရှိသူများက လာရောက်ပို့ဆောင် ပေးခဲ့ကြသည်။

အဆိုပါစစ်ရေယာဉ်နှင့် MCL ကုမ္ပဏီပိုင် MV- MCL 5  ရေယာဉ်တို့ဖြင့် သယ် ဆောင်လာသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်များနှင့် ပစ္စည်းများအား တာဝန် ရှိသူများထံသို့ စနစ်တကျလွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)