တံတားဦးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များကို စာရင်းဖြင့် ရှာဖွေ၍ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တံတားဦးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များကို စာရင်းဖြင့် ရှာဖွေ၍ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်


မေ ၂၇ 

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များကို စာရင်းဖြင့် ရှာဖွေ၍ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ယမန်နေ့ ည ၁၁ နာရီဝန်းကျင်က  လိုက်လံသတ်ဖြတ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီဝင် ၅ဦး သေဆုံးခဲ့ရသည်။

တံတားဦးမြိုနယ်၊ ထောက်ရစ်ကျေးရွာအုပ်စု၊ ထောက်ရစ်ကျေးရွာအတွင်းသို့ ဧရာဝတီမြစ်ဘက်မှ စက်လှေဖြင့် NLD အစွန်းရောက် PDF အမည်ခံ အကြမ်းသမား (ကျား/မ စီစစ်ဆဲ)အင်အား ၅၀ဦး ဝင်ရောက်လာပြီး ကျေးရွာအတွင်း ၎င်းတိုသတ်ဖြတ်ရန် ယူဆောင်လာသည့် အမည်စာရင်းပါ ပြည်ခိုင်ဖြိုးပါတီဝင်များကို လိုက်လံရှာဖွေကာ သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

NLD အစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းခံခဲ့ရသော ပြည်ခိုင်ဖြိုးပါတီဝင်များမှာ ဦးစောဝင်း (ပြည်ခိုင်ဖြိုးပါတီ၊ ရပ်/ကျေး ဥက္ကဋ္ဌ)၊ ဦးဆန်းမင်း (ပြည်ခိုင်ဖြိုးပါတီ၊ ရပ်/ကျေးကော်မတီဝင်)၊  ဦးစိုးနိုင် (ပြည်ခိုင်ဖြိုးပါတီ၊ ရပ်/ကျေးကော်မတီဝင်)၊ ဦးမင်းမင်းသိုက် (ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ)၊ ဦးကိုကိုနိုင် (ခ) ဦးဂျိုကာ (ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ) တို့ကို လိုက်လံရှာဖွေ၍ ရက်စက်စွာ သတ်ဖြတ်သွားခဲ့ကြခြင်းဖြစ်သည်။

NLD ပါတီ ဦးဆောင်သူများအနေဖြင့် အာဏာလက်မဲ့ဖြစ်ပြီးချိန်မှစ၍ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်းပြီး လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြရာတွင် ပြည်ခိုင်ဖြိုးပါတီဝင်များကို အဓိကပစ်မှတ်ထား သတ်ဖြတ်ခဲ့ကြပြီး ၂နှစ်ကျော်ကြာ ကာလအတွင်း NLD အစွန်းရောက် အကြမ်းဖက်လှုပ်ရှားသူများ၏ သတ်ဖြတ်မှုကြောင့် ပြည်ခိုင်ဖြိုးပါတီဝင်နှင့် ဝန်းရံသူ ၂၅၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)