MNP ၊ မေ ၂
ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်နယ်မြေရဲစခန်းအား PDF အကြမ်းဖက်သမားများက ယနေ့ (၂ ၀၀)နာရီ ဝန်းကျင်ခန့်က လာရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲတပ်ကြပ်ဝင်းမြင့် ၏ ဇနီး မဥမ္မာဝင်းနှင့် သားဖြစ်သူ မောင်ဝေထူးတို့မှာ အခင်းဖြစ်နေရာတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
PDF အကြမ်းဖက်သမား ၂၀ ဦးခန့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ် ဝင်းမြင့်၏ဇနီး မဥမ္မာဝင်း နှင့်သားဖြစ်သူ မောင်ဝေထူးတို့မှာ အခင်းဖြစ်နေရာတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ရဲတပ်ကြပ်ကြီး ရဲဝင်းမှာ သေနတ်ဒဏ်ရာများရရှိ၍ ကျောက်ပန်းတောင်း မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ စခန်းမှူး ရဲအုပ် မျိုးလွင်နှင့် ရဲတပ်ကြပ်ကြီး အောင်အောင်တို့မှာ ပျောက်ဆုံး လျက်ရှိပြီး စခန်းအတွင်းရှိ အဆောက်အဦများနှင့် မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခံရကြောင်း သိရသည်။
PDF အကြမ်းဖက်သမားများသည် နတ်မောက်မြို့နယ် နှင့် ချောက်မြို့နယ်ဘက်များသို့ ဆုတ်ခွါသွားကြောင်း သိရှိရပြီးလိုက်လံရှင်းလင်းလျက်ရှိကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားစဉ်အတွင်း ပွေးကျစ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် မြို့နယ်တရားရုံးချိန်းသို့ သွားရောက်နေသည့်အတွက် စခန်းတွင် အင်အား အနည်းငယ်သာရှိပြီး အကြမ်းဖက်အဖွဲ့ PDF အကြမ်းဖက်သမားများ က လက်ပစ်ဗုံး၊ သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး နယ်မြေရဲစခန်းအား ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment