ဒက္ခိဏသီရိမြို့နယ် ရွှေမြိုင်ပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်(၅၀)ပါးအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထပ်ဆောင်း ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒက္ခိဏသီရိမြို့နယ် ရွှေမြိုင်ပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်(၅၀)ပါးအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထပ်ဆောင်း ထိုးနှံပေး




MNP ၊ မေ  ၃၀

ပြည်ထောင်စုနယ်၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရွှေမြိုင်ပရိယတ္တိစာသင်တိုက်မှ ဆရာတော်၊ သံဃာတော်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစတင်၍ အဆိုပါကျောင်းတိုက်ရှိ  ဓမ္မာရုံ၌ ထိုးနှံပေးခဲ့သည်။


ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ တင်မြထွေးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုနှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ဆရာတော်သံဃာတော်များအား ရှင်းလင်းလျှောက်ထားကာ ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ရွှေမြိုင်ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတေဇသာရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်အပါး (၅၀)ကို ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်၊၊


ယခုထိုးနှံပေးသည့် ကာကွယ်ဆေးများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Shenzfen ဗုဒ္ဓဘာသာအဖွဲ့ အတွင်းရေးမှူးနှင့် တောင်တရုတ်ပင်လယ် တရုတ်ဗုဒ္ဓဘာသာ ဒုတိယဥက္ကဋ္ဌ Hongfa ဘုန်တော်ကြီးကျောင်း ဆရာတော် Venerable Master Yinshun တို့ကိုယ်စား တရုတ်ကုန်သည်ကြီးများအသင်းက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီးများထံ လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm)များကို ဒက္ခိဏသီရိမြို့နယ်ရှိ ရွှေမြိုင်ပရိယတ္တိစာသင်တိုက်အပါအဝင် ပျဉ်းမနားမြို့နယ်ရှိ မဟာဓမ္မိကာရာမ အုန်းတောပရိယတ္တိစာသင်တိုက်၊ ဇမ္မူသီရိမြို့နယ်ရှိ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်၊ လယ်ဝေးမြို့နယ် အင်တိုင်းသာကျောင်းတိုက်၊ ဥတ္တရသီရိမြို့နယ်ရှိ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်နှင့် သိရိမင်္ဂလာသစ်ဝင်တိုင်းကျောင်း၊ တပ်ကုန်းမြို့နယ်ရှိ ငွေတောင်တောရကျောင်း၊ ဇေယျာသီရိမြို့နယ်ရှိ ရွာသစ်ကြီး ပရိယတ္တိစာသင်တိုက်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အောင်စည်သာ ပရိယတ္တိစာသင်တိုက်နှင့် ထူးကြီးပရိယတ္တိစာသင်တိုက်များမှ စုစုပေါင်း ဆရာတော်၊ သံဃာတော်နှင့် သီလရှင် အပါး(၁၀၀၀)အား တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိကြောင်း နေပြည်တော်သာသနာရေးမှူးရုံးမှ သိရသည်၊၊


အောင်ကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)