တာမွေမြို့နယ်တွင် အသီးအနှံ စားသုံးခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများ အကြောင်း အသိပညာပေးTalk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် အသီးအနှံ စားသုံးခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများ အကြောင်း အသိပညာပေးTalk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်



MNP ၊ မေ  ၂၄

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော အသီးအနှံ စားသုံးခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။

အဆိုပါ အသီးအနှံ စားသုံးခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်း အသိပညာပေးTalk Show အစီအစဉ်တွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စုစုမြိုင်က အသီးအနှံများတွင် ပါရှိသည့် ဗီတာမင်များက လူသားတွေ၏ ကျန်းမာရေးကို များစွာအထောက်အကူပြုပုံများ၊ အသီး အနှံများကို ပုံမှန်မှီဝဲစားသုံးခြင်းဖြင့် ရရှိလာနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်းနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသေးစိတ် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Showများကို ထုတ်လွှင့်ပေးလျက်ရှိပြီး အဆိုပါ အသိပညာပေး အစီအစဉ်များကို တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ရက်စာမျက်နှာတွင်လည်း အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိ ပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)