MNP ၊ မေ ၂၉
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါသတိပြုကာကွယ်ရေး အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ပေါင်မြို့နယ်ပြည်သူ့ဆေးရုံမှ မိခင်ကလေး/ကျောင်းကျန်းမာ/အာဟာရ ဦးစီးအရာရှိဒေါ်ချိုချိုလွင်က ယခုလက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ရောဂါ တွေရဲ့လက်ရှိအခြေအနေများ၊ လက္ခဏာများ၊ကိုဗစ် -၁၉ ရောဂါမဖြစ်အောင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသေးစိတ်ရှင်းလင်းကြပြီး ပြည်သူများ သိသင့်သိထိုက်သောအကြောင်းအရာများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment