MNP ၊ မေ ၂၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် မြေအောက်ရေသွင်း၍ စိုက်ပျိုထားသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ နွေနှမ်းများကို မတ်လ ဒုတိယပတ်မှ စတင်စိုက်ပျိုးပြီး စိုက်ပျိုးသည့်နှမ်းမျိုးမှာ “စိန်ပတ်လည်” မျိုးဖြစ်၍ တစ်ပြည်လျှင် (၇၀၀၀) ကျပ်နှုန်း ပေးဝယ်စိုက်ပျိုးထားကြောင်း နွေနှမ်းစိုက်တောင်သူ ဦးကြည်စိုးထံက သိရသည်။
“ကျွန်တော်တို့အနေနဲ့ နွေနှမ်းစိုက်ပျိုးသည့်အခါ ထွန်ယက်ပြီး မြေပေါ်တွင် နှမ်းမစိုက်ပျိုးမီ (၅)ရက်ခန့် ကြိုတင်ရေသွင်းပြီး စိုက်ပျိုးပါတယ်၊ ရေကိုတော့ (၇)ရက်ခြား သွင်းပေးရပါတယ်၊ ရက်ပေါင်း(၄၅)ရက်သားဆိုရင် ပေါင်းမြက်ရှင်းလင်းခြင်းလုပ်ငန်းများ ပြုလုပ်ပြီး သဘာဝမြေဩဇာများလည်း ကျွေးပေးပါတယ်၊ အခုဆိုရင် နွေနှမ်းစိုက်ပျိုးထားတာ (၇၅)ရက်ရှိပါပြီ၊ ရက်(၉၀) ပြည့်ရင်တော့ စတင်ရိတ်သိမ်းတော့မှာဖြစ်ပါတယ်” ဟု အင်းကုန်းကျေးရွာနေ တောင်သူ ဦးအောင်ကျော်သက်က ပြောသည်။
မူမူစန်း
https://t.me/MyanmarNationalPost

No comments:
Post a Comment